106 01
အပိုင်း (၁၀၆)
သူသည် အန်းရှအား ဤပွဲတွင် ပါဝင်ရန် ပြောခဲ့ခြင်းမှာ မကောင်းသော ကိစ္စမဟုတ်ပေ။
"ရှင် ရှရှရဲ့ နောက်ကြောင်းကိုသိလား။ ရှင်က သူမကို အနုပညာလောကထဲကို ဝင်ခွင့်ပြုခဲ့တယ်။ သူမက တယ်ပဲ မင်းသမီးတစ်ယောက် ဖြစ်သွားမယ်ဆိုရင် သူမ ရင်ဆိုင်ရမဲ့ ကိစ္စတွေအတွက် ရှင် တာဝန်ယူပေးနိုင်လို့လား..."
ထိုပြင်းထန်သော စကားလုံးများကြောင့် ဟော်စစ်သည် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။
"မင်းဘာတွေ... မင်းဘာတွေပြောနေတာလဲ။ ရှရှရဲ့ နောက်ကြောင်းဆိုတာက ဘာလဲ..."
ထိုအချိန်တွင် ဟော်စစ်သည် တစ်ခုခု အမှားပြုလုပ်ခဲ့မိလိုက်သည်ဟု ခံစားလိုက်ရလေသည်။
"မင်း ရှင်းရှင်းလင်းလင်းလေး ပြောလို့ရမလား။ ကျွန်တော်က အန်းရှအပေါ်မှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး။ ကျွန်တော်က သူမကို ပျော်ရွှင်အောင်ပဲ လုပ်ပေးချင်တာပါ..."
အန်းရှနှင့်ပတ်သက်၍ တစ်စုံတစ်ခုကို မှားယွင်းပြုလုပ်လိုက်မိပြီဟု မိမိကိုယ်ကို သတိထားမိသွားသော ဟော်စစ်သည် အမြဲတမ်း စိတ်ကြီးတတ်သူ ဖြစ်ပြီး အခြားသူအပေါ်တွင်လည်း အားနည်းချက်ကို ပြသခဲသူ ဖြစ်လေသည်။
ထိုသူသည် သူ၏ သူငယ်ချင်းအပေါ်တွင် အမှန်တကယ်ပင် ဂရုစိုက်သူဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူမသည် အမျိုးသမီးအန်းပြောဖူးသော ဟော်စစ်၏အကြောင်းများကို ပြန်လည် အမှတ်ရလာကာ အဖြေရှာတွေ့သွားလေသည်။
သူမ၏အရှေ့မှ ထိုကြောင်သူတော်ပုံစံနှင့် ထိုသူသည် အန်းရှအပေါ်တွင် မလိုမုန်းထားများ မရှိတာလည်း ဖြစ်နိုင်လေသည်။ သို့သော် ဖြစ်နိုင်ချေမှာ...
"ရှင် ရှရှကို သဘောကျနေတာလား..."
ချန်ရွှယ်မင်သည် ဟော်စစ်အား စူးရှသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။
သူမ၏ မျက်ဝန်းများထဲတွင် အန်းရှသည် နောင်အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဘဝလက်တွဲဖော်နှင့်သာ ထိုက်တန်သည်ဟု ခံစားမိနေလေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Любовные романыဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်