20 01
အခန်း ၂၀
အန်းရှသည် သူမ အစာ အဆိပ်သင့်နေသည်ဟုတော့ မထင်ပါ။
ထိုအရာသည် ရိုးတွင်းခြင်ဆီအတွင်း သန့်စင်သွားစေခြင်းလား။
သို့သော် အဘယ်ကြောင့် ဝမ်းလျောနေရသနည်း။ ဝတ္ထုဇာတ်လမ်းထဲတွင် ရိုးတွင်းခြင်ဆီ သန့်ရှင်းသွားချိန်တွင် ခန္ဓာကိုယ် အရေပြားမှ အရည်များ ယိုစီးစွန်းထင်းသွားခြင်း ဖြစ်သည်။
အန်းရှသည် အံ့သြစွာဖြင့် မျက်တောင်တစ်ချက် ခပ်လိုက်လေသည်။
ထိုအရာသည် သူမ စားသောက်ခဲ့သည့် အရာများကြောင့်ပေလား။
သူမစားသောက်ခဲ့သော ဟင်းလျာများသည် အလွန်အရသာ ကောင်းမွန်လှသော်လည်း အာဟာရဓာတ်များသည်တော့ မပြောပလောက်အောင် နည်းပါးလေသည်။
သူမသည် ဆေးရုံတွင် ရှိနေစဉ်တုန်းက အနည်းငယ်မျှသာ စားသောက်ခဲ့လေသည်။
သို့သော် ယခင်နေ့ရက်များတွင် သူမသည် များပြားလှသော အမျိုးမျိုးသော အစားအသောက်များကို စားသောက်ခဲ့သည်။ ထိုအစားအသောက်များမှာ ဓာတ်စာများ၊ အဆာပြေစာများ၊ နို့လက်ဖက်ရည်...
ထိုအစားအသောက်များကြောင့် ခန္ဓာကိုယ်၏ တုံ့ပြန်မှုမှာ ဆိုးရွား၍ အနံ့အသက် ဆိုးဝါးနေခြင်းပေလား။
သူမ၏ လက်ရှိအစွမ်းဖြင့် အစားအသောက်များမှ အာဟာရဓာတ်များကို သူမ၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် စုပ်ယူနေခြင်းဖြစ်သည်။ ထိုအခါ အာဟာရမရှိသော အစားအသောက်များကို စားသောက်လိုက်သောအခါ ထိုအစွမ်းသည် သူမ၏ ခန္ဓာကိုယ်တွင် အညစ်အကြေးများ ရောက်ရှိခြင်းမှ ကာကွယ်လိုက်ခြင်းလည်း ဖြစ်နိုင်လေသည်။
ထိုကဲ့သို့သာ ဖြစ်မည်ဆိုလျှင် သူမသည် အလွာ်တကူနှင့် နေထိုင်မကောင်း မဖြစ်နိုင်တော့ပါ။
သူမသည် သတင်းအစီအစဉ်များ ကြည့်၍ သန့်ရှင်းမှုမရှိသော အစားအသောက် ပြုလုပ်မှုများအား သိရှိရလေသည်။ ထိုအရာများထဲတွင် လူ့ခန္ဓာကိုယ်ကို အဆိပ်အတောက် ဖြစ်စေတတ်သော စွန့်ပစ်ဆီများ၊ အနီရောင် အစာဆိုးဆေးများ၊ မယ်လမင်းဓာတ်များ စသဖြင့် ဖြစ်သည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်