အခန်း (155)
အချိန်တွေ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားတဲ့နောက်မှာ အားလပ်ရက် အချိန် ကုန်ဆုံးသွားတဲ့ အတွက်ကြောင့် ချန်းယွိသည် အန်းအိမ်ယာတော မှထွက်လာခဲ့တော့သည်။
သူထွက်လာတဲ့အချိန်မှာ ချန်းယွိသည် အန်းရှအပေါ် ထားသည့် ခံစားချက်များကို မလွှတ်ချ နိုင်သေးသော်လည်း သူ့ခံစားချက်များ များစွာ ကောင်းလာခဲ့သည်။
သူထွက်လာသည့် အချိန်တွင် အန်းရှ နှင့် ဟောက်စီ ကိုစိတ်ရင်း အမှန်ဖြင့် ကောင်းချီးပေးခဲ့သည်။
သူဟာ အန်းရှ၏ ချစ်သူ မဖြစ်နိုင်ရင်တောင်မှ အန်းရှ၏ အစ်ကိုဖြစ်နိုင်ပါသေးသည်ဟု သူကပြောခဲ့သည်။
"အန်းရှ၊ တကယ်လို့ အနာဂတ်မှာ မင်းကို အနိုင်ကျင့်မယ်ဆိုရင် သူ့ကို သင်ခန်းစာ ပေးဖို့အတွက် ငါ့ကိုအချိန်မရွေး ခေါ်နိုင်တယ်နော်"
ချန်းယွိ မျက်နှာပေါ်ရှိ ရိုးသားတဲ့ အပြုံးကို မြင်ရပြီးတဲ့နောက်မှာ အန်းရှဟာလည်း ပြုံးပြီးတော့
"ကျေးဇူးတင်ပါတယ်"
ဟောက်စီဟာ သူ့ကိုယ်ပိုင် စားဖိုမှူးလေး၏ ရှေ့တွင်လုပ်နေသော ချန်ယွိ၏ အမူအရာကို မကျေနပ်ဘဲ "စိတ်မပူပါနဲ့ ငါမင်းကို ဒီအခွင့်အရေး ဘယ်တော့မှ ပေးမှာ မဟုတ်ဘူး"
ချန်ယွိဟာ တခစ်ခစ်ရယ်လိုက်ပြီး
"မင်းငါ့ကို ဒီအခွင့်အရေး မပေးဖို့ ငါမျှော်လင့်ပါတယ်။ မဟုတ်လို့ကတော့ ငါအန်းရှကို သေချာပေါက် ဆက်လိုက်ဖို့ ပြန်လာခဲ့မယ်"
ထိုသို့ ပြောပြီးနောက် ချန်ယွိဟာ လုံးဝ ထွက်ခွာ သွားခဲ့သည်။
ချန်ယွိ၏ ကျောပြင်ကို မြင်နေရသော အန်းရှ နှင့် ဟောက်စီတို့သည် ခံစားချက်များ ပို၍ကောင်းလာကြသည်။
အထူးသဖြင့် ဟောက်စီ ကံကောင်းစွာနှင့် သူ့အချစ်ပြိုင်ဘက်ကို လှည့်စားပြီး သူ့ကိုအဝေးပို့လိုက်နိုင်သည်။
"အကို ချန်ယွိ မင်းထွက်သွားတော့မှာလား"
လေဆိပ်သို့ သွားဖို့ ကားယူရန် ဉယျာဉ်တံခါးဆီသို့ ချန်ယွိ လမ်းလျှောက် လာနေသော အချိန်တွင် သူ အန်းနင်ကိုတွေ့လိုက်သည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်