Part 125

2.5K 182 0
                                    


အပိုင်း (၁၂၅)

ချမ်းသာခြင်းမှာ စွမ်းရည်ရှိခြင်းပင် ဖြစ်လေသည်။

ရက်အနည်းငယ်အတွင်းတွင် အန်းရုံ၏ ခင်ပွန်း ကျူးသာ့ဝေ၏ ဖောက်ပြန်မှု သက်သေများကို စုဆောင်းပြီးပြီ ဖြစ်လေသည်။

သူမ၏ ခင်ပွန်းဖြစ်သူမှာ တစ်ခဏတာမျှသာ မှားယွင်းနေခြင်းဖြစ်ကာ သူမအား လှည့်စားမည်မဟုတ်ဟု တွေးနေမိလေသည်။

အန်းရုံသည် စားပွဲပေါ်မှ သက်သေများကို မြင်လိုက်ရသောအခါ ခံစားချက်များကို ပြန်ပြောင်းစဉ်းစားနေလေသည်။

"အစ်မ... ကွာရှင်းလိုက်..."

"ရုံရုံ... ကွာရှင်းလိုက်..."

အန်းချိုးနှင့် အန်းရုံမှလွဲ၍ ကျန်မိသားစုဝင်များအားလုံးသည် မိသားစုအစည်းအဝေးဝိုင်းတွင် ထိုင်နေကြလေသည်။

မိသားစုဝင်များအားလုံးသည် အန်းရုံနှင့် ကျူးသာ့ဝေအား ကွာရှင်းရန် ဆုံးဖြတ်လိုက်ကြလေသည်။

အန်းရုံသည် ဆက်လက်၍ တုံ့ဆိုင်းမနေတော့ချေ။

သူမသည် နောက်ဆုံးတော့ သန်မာသွားခဲ့လေပြီ။

"ကောင်းပြီ..."

သူမသည် စားပွဲပေါ်တွင်တင်ထားသော ဓာတ်ပုံများကို မြင်လိုက်ရသောအခါ အလွန်ဝမ်းနည်း၍ စိတ်ပျက်နေတော့သည်။

"ကျွန်မ... ကျူးသာ့ဝေနဲ့ ကွာရှင်းလိုက်တော့မယ်..."

ထို့ကြောင့် သူမ၏ အမူအယာသည် ခါးသက်သက်ဖြစ်နေတော့သည်။

ထိုကဲ့သို့သော ကိစ္စမျိုးသည် သူမထံတွင် ဖြစ်လာလိမ့်မည်ဟု သူမအနေနှင့် ထင်မထားမိခဲ့ချေ။

"ရုံရုံ ဘာမှမကြောက်နဲ့။ နင်ကွာရှင်းလိုက်လဲ နင့်မိဘတွေက နင့်ကို တင်ကျွေးထားမှာပေါ့..."

လင်မယားအန်းသည် သမီးကြီး၏ စိတ်ပျက်နေသောမျက်နှာကို မြင်လိုက်ရသောအခါ များစွာ စိတ်ဆင်းရဲမိလေသည်။

အန်းသုန်သည်လည်း မိဘများ၏စကားကိုထောက်ခံ၍ ရိုးသားစွာ ပြောလိုက်လေသည်။ "ပြီးတော့ ကျွန်တော်ရောပဲ။ ကျွန်တော်အခု ပိုက်ဆံလည်း ရှာနိုင်နေပြီဆိုတော့ အစ်မကို ထောက်ပံ့ပေးနိုင်တယ်..."

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now