29 01
အခန်း ၂၉
"အန်းသုံ...ရှင်ရူးနေပြီလား။ ကျွန်မတို့က လက်ထပ်ကြတော့မှာလေ။ အဲဒါကို ရှင်က အခု အလုပ်ထွက်တော့မယ်ပေါ့"
"ဝမ့်ဝမ့် ကိုယ်ပြောတာကို နားထောင်ပါဦး..."
သူ၏ ချစ်သူဖြစ်သူ ဟယ်ယာဝမ့်နှင့် ဖုန်းပြောနေသော အန်းသုံသည် အကြောင်းစုံရှင်းပြရန် ပြင်နေသော်လည်း သူ့ချစ်သူ၏ စကားဖြတ်ပြောခြင်းကို ခံလိုက်ရလေတော့သည်။ "အန်းသုံ...ကျွန်မတို့က ငယ်တော့တာလည်း မဟုတ်ဘူး။ ရှင်လည်း သိနေတာပဲ...ကျွန်မရဲ့မိဘတွေက ကျွန်မတို့ကို အလွယ်တူနဲ့ သဘောတူခဲ့တာ မဟုတ်ဘူးလေ"
ဖုန်းထဲတွင် မွန်းကြပ်မှုများနှင့် ပြည့်နှက်နေလေတော့သည်။
အန်းသုံသည် နှလုံးသားထဲတွင် ခါးသက်မှုများကို ခံစားနေရလေသည်။
သူသည် အသက် ၂၈ နှစ်ရှိနေပြီ ဖြစ်ပြီး သူ၏ ကျောင်းပညာရေး မပြည့်စုံမှုကြောင့် လစာမြင့် အလုပ်အကိုင်များကို မရရှိနိုင်ခဲ့ပေ။
အလုပ်တစ်ခုတွင် လစာမြင့်မားနေခြင်းမှာလည်း သူ၏ အစွမ်းကုန် အလုပ်ကြိုးစားမှုကြောင့်သာ ဖြစ်သည်။
ပထမ နှနှစ်တာကာလတွင်တော့ သူသည် ငွေကြေးအနည်းငယ် စုဆောင်းနိုင်ခဲ့၍ သ သူ၏ချစ်သူဖြစ်သူကို တင့်တောင့်တင့်တယ် ထားနိုင်ပြီဖြစ်၍ လက်ထပ်ခွင့် တောင်းဝံ့ခဲ့သည်။
သူ၏ ချောမောလှပသော ချစ်သူသည် သူမအနေဖြင့် ကား၊ အိမ်ကဲ့သို့ အရာများကို မလိုအပ်ကြောင်းပြော၍ သူ့ကို လက်ခံခဲ့လေသည်။
သူမ၏ မိဘများ သဘောမတူခဲ့လျှင်တောင် သူနှင့် လက်ထပ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သူ့အတွက်ကြောင့်နှင့် သူ့ချစ်သူသည် ဖိအားများကို နှစ်ပေါင်းများစွာကြာအောင် ခံစားခဲ့ရသောကြောင့် သူအနေဖြင့် အပြစ်ရှိသကဲ့သို့ ခံစားနေရလေသည်။
သူသည် စိတ်လိုက်မာန်ပါ မပြုလုပ်ခဲ့သင့်သော်လည်း ထိုကုမ္ပဏီတွင်တော့ ဆက်လက် လုပ်ကိုင်လိုစိတ် မရှိတော့ပေ။
အမှန်တကယ်တွင် ယနေ့ကဲ့သို့ သူ၏ ညီမလေး အိမ်ပြန်ရောက်သည်ဆိုသည့် ကိစ္စမျိုး မရှိခဲ့လျှင်တောင် တစ်နေ့တွင်တော့ သူထိုကုမ္ပဏီမှ ထွက်ရန် ဆုံးဖြတ်ထားလေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်