အပိုင်း (၁၂၁)
အန်းရှသည် ထိုသူအား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ရင်း လေးနက်စွာ ကျေးဇူးတင်လိုက်လေသည်။
ချောင်ယွီသည် ရယ်မော၍ ပြောလိုက်လေသည်။ "ကျွန်တော် နောက်ဆုံးတစ်ခေါက်က ကူညီပေးလိုက်တဲ့သူက မိန်းကလေးအန်းကိုး..."
"ဟုတ်တယ်နော်။ ကံကောင်းချင်တော့ ချောင်ယွီ ရှင်က ကျွန်မတို့ရဲ့ကိစ္စတွေကို ကူညီပေးလိုက်တာပဲ။ မဟုတ်ရင် ကျွန်နဲ့ သူငယ်ချင်းကို ကူညီပေးဖို့ ဘယ်သူ့ကို အကူအညီတောင်းရမှန်း သိမှာမဟုတ်ဘူး..."
ချောင်ယွီနှင့် ချန်ရွှယ်မင်မှာ တစ်ဦးနှင့်တစ်ဦး အလွန်ရင်းနှီးကြသူများ မဟုတ်ပေ။
ချောင်ယီသည် သူမသူဋ္ဌေး၏ ရင်းနှီးခြင်းပင်ဖြစ်ကာ သူတို့သည် သူငယ်ချင်းများ ဖြစ်ကြလေသည်။ ချန်ရွှယ်မင်သည် သူနှင့် မထင်မှတ်ပဲ သိသွားကြခြင်း ဖြစ်လေသည်။
နောက်ဆုံးတွေ့ဆုံစဉ်ကမူ ချောင်ယွီသည် သူမအား ကူညီချင်နေသောကြောင့် သူမသည် အံ့ဩခဲ့ရလေသည်။
သူမသည် ထိုသူအပေါ်တွင် ကောင်းမွန်သော အမြင်များ ရှိလေသည်။
သို့သော် ချောင်ယွီ၏ ပင်ကိုယ်စရိုက်မှာ ဖော်ရွေသူမဟုတ်ကြောင်း သူမ သိလေသည်။
သူသည် အိမ်ခြံမြေလောကတွင် ကျင်လည်နေသူဖြစ်ကာ အခြားသော နယ်ပယ်များတွင်လည်း အနည်းငယ် ပါဝင်မှုများ ရှိလေသည်။
ထိုသူသည် လူကြီးလူကောင်း တစ်ယောက်ဖြစ်သော်လည်း သူသည် သူမ၏ သူငယ်ချင်းဖြစ်သူနှင့် ပတ်သက်၍ အလွန်စပ်စုသည်ဟု သူမသိလိုက်ရလေသည်။
ထို့အပြင် ထိုသူသည် သူမတို့အား အလွန်တက်ကြွစွာ နှုတ်ဆက်ခြင်း မရှိပေ။
"အဲဒါက ကိစ္စကြီး မဟုတ်ပါဘူး..." ချောင်ယွီသည် ဂရုမထားဟန်ဖြင့် ပြောလိုက်လေသည်။ ထိုသူအား ချန်ရွှယ်မင်အား စကားပြောနေသော်လည်း သူ၏ အကြည့်များသည်တော့ အန်းချထံတွင်သာ ရှိနေလေသည်။
"မိန်းကလေးအန်းရှ ရင်းနှီးမြှုပ်နှံထားတဲ့ အိမ်ခြံမြေ ကုမ္ပဏီရော အခြေအနေ ဘယ်လိုရှိလဲ။ တကယ်လို့ အကူအညီလိုအပ်တယ်ဆိုရင် ကျွန်တော့်ကို အချိန်မရွေး အကူအညီ တောင်းလို့ရပါတယ်..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်