အပိုင်း (၈၃)
အန်းရှ၏ တောင်းဆိုမှုကြောင့် အန်းလင်မယားသည် သမီးဖြစ်သူ၏ ကျောင်းတတ်စဉ်က ရိုက်ကူးထားသော ဓာတ်ပုံများကို ယူဆောင်လာလေသည်။
သူတို့ထံတွင် ဓာတ်ပုံများစွာ မရှိကြပေ။
အမှန်တကယ်မှာ သူတို့၏ မိသားစုသည် ကြွယ်ဝချမ်းသာသူများ မဟုတ်ကြသည့်အလျောက် ကလေး လေးယောက်စလုံးအတွက် ဓာတ်ပုံများစွာ မရိုက်ကူးနိုင်ခဲ့ကြပေ။
အန်းရှသည် အားကျမိသွားလေသည်။
မူလပိုင်ရှင်သည် ဓာတ်ပုံထဲတွင် မြင်ရပုံအရတော့ သူမအလိုချင်ဆုံးအရာများကို ရရှိခဲ့ပုံရလေသည်။
ပျော်ရွှင်စရာ မိသားစုဘဝ၊ ပျော်ရွှင်စရာ ကျောင်းသူဘဝ၊ အရင်းနှီးဆုံး သူငယ်ချင်းများ...
"ရှရှ... ဒါက သမီးရှာချင်နေတဲ့ အထက်တန်း ကျောင်းဆင်းပွဲတုန်းက ရိုက်ထားတဲ့ အဖွဲ့လိုက် ဓာတ်ပုံ..."
အမျိုးသမီးအန်းသည် ပြုံးရယ်လိုက်ကာ ဓာတ်ပုံစာအုပ်ထဲမှ ဓာတ်ပုံကို ထုတ်ယူလိုက်လေသည်။ "သမီးက ကျောင်းမှာ နာမည်ကြီးပဲနော်..."
"ဟုတ်တယ်နော်... အဲဒီအချိန်တုန်းက ငါတို့ ကျောင်းသားမိဘ တွေ့ဆုံပွဲတွေကိုသွားရင် ငါတို့ အရမ်းကို ဂုဏ်ယူရတာပဲ..."
အန်းချောင်ရှုန်းသည် အတိတ်ကို သတိရစွာဖြင့် ပြောလိုက်လေသည်။
သူ၏ သမီးဖြစ်သူသည် ရုပ်ရည် ချောမောလှပ၍ အမှတ်ကောင်းများကိုလည်း ရရှိခဲ့လေသည်။ ထို့ကြောင့် သူတို့ကို သိသောသူတိုင်းသည် ယခုကဲ့သို့ သမီးမျိုးရှိသည့်အတွက် ချီးမွမ်းကြလေသည်။
အမျိုးသမီးအန်းထံမှ ဓာတ်ပုံကို ယူလိုက်ကာ အန်းရှသည် ဓာတ်ပုံထဲမှ ငယ်ရွယ်၍ လှပနေသော မူလပိုင်ရှင်ကို အားကျစွာဖြင့် ကြည့်လိုက်လေသည်။
အားကျဖို့ ကောင်းလေသည်...။
သူမသည် ထိုကဲ့သို့သော ဘဝမျိုးကို ရရှိခဲ့ချင်လေသည်။
အန်းရှသည် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသော မူလပိုင်ရှင်ကို အားကျစွာ တွေဝေစွာဖြင့် ကြည့်နေမိလေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်