"အပိုင်း (၅၄)"
Meow နတ်သမီး အကောင့်၏ အစားအသောက် ဝေဖန်ပြသမှုကြောင့် အန်းရှနှင့် သူမ၏ ဆာကူရာ ကိတ်မုန့်သည် နာမည်ကြီးသွားလေသည်။
မူလကတည်းက ကိတ်မုန့်၏ပုံစံသည် လှပ၍ လက်ရာမြောက်လှပြီး ကိတ်မုန့်တိုင်း၏ အပေါ်တွင် လှပသော ချယ်ရီသီးတစ်လုံးစီ ပါရှိလေသည်။
ထိုသို့ လှပသော ပုံစံကို မြင်တွေ့လိုက်ရသည်နှင့် စားကြည့်နေစရာ မလိုအပ်ဘဲနှင့်တောင် အမျိုးသမီးငယ်များကို ဆွဲဆောင်နိုင်လေသည်။
ထို့အပြင် Meow နတ်သမီးသည် များစွာချီးကျူးထားခြင်းအားဖြင့် လူ များ၏ စားချင်စိတ်ကို နိုးကြွစေခဲ့လေသည်။
အစားအသောက် ဖန်တီးသူ အန်းရှသည် အရင်တစ်ခေါက်တွင် ဟော်စစ်ကြောင့် နာမည်ကြီးခဲ့ရလေသည်။ ယခုတစ်ကြိမ်တွင်လည်း သူမ၏ ကျော်ကြားမှုများ မကျဆင်းသွားခင်ပင် လူများကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့ပြန်လေသည်။
ထိုအချိန်မှစ၍ အစားအသောက် နှစ်သက်သူ အများအပြားသည် အန်းရှ၏ အကောင့်ကို စောင့်ကြည့်နှစ်သက်ခဲ့ကြလေသည်။
အင်တာနက်ပေါ်မှ ကောမန့်များသည် တဖြည်းဖြည်းနှင့် အစားအသောက်ဘက်သို့ ဦးတည်သွား၍ ဟော်စစ် ပရိသတ်များ၏ ကောမန့်များသည်လည်း ထိုအရာများကြောင့် ဖုံးကွယ်သွားကြတော့သည်။
[ကျေးဇူးပြုပြီးတော့ ကံစမ်းမဲ ထပ်ဖောက်ပေးပါဦး။ ငါတို့လဲ ဆာကူရာ ကိတ်မုန့်ကို စားကြည့်ချင်တယ်...]
[ငါက ချိုတာတွေမကြိုက်ဘူး။ ဒါပေမဲ့ ဆာကူရာ ကိတ်မုန့်က စားချင်စရာကြီး။ အရမ်းလည်း လှတယ်...]
[ငါ့အထင် အဲဒီ အစားအသောက် တင်ဆက်ပြသူက အချက်အပြုတ်ကောင်းပုံရတယ်။ ငါက သူ့ရဲ့ အသားအသောက် ဗီဒီယိုတွေအားလုံးကို ကြည့်ဖူးတယ်။ အရမ်းကြည့်ကောင်းတယ်...]
[ငါကတော့ သူမရဲ့ လက်ကလေးတွေကို သဘောကျတာ။ သူ့ရဲ့ အချက်အပြုတ် ဗီဒီယိုလေးတွေကို ကြည့်ရတာ စားချင်စရာပဲ...]
[ငါကတော့ သူမရဲ့အသံလေးတွေက သာယာပြီး ချိုသာတယ်လို့ ထင်တယ်။ သူမက သေချာပေါက် ချစ်ဖို့ကောင်းတဲ့ ကောင်မလေး ဖြစ်မှာပဲ...]
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်