အပိုင်း (၁၂၃)
သူမသည် အိမ်ပြန်ရောက်လာသည်မှာ လအနည်းငယ်ပင် ကြာမြင့်နေပြီ ဖြစ်လေသည်။ သို့သော် သူမသည် ခဲအိုဖြစ်သူ ကားဆရာ ကျူးသာ့ဝေအား ယခုအထိ မတွေ့ရသေးပေ။
သူမအမေ၏ အသက် ၅၀ ပြည့် မွေးနေ့တွင်ပင် ခဲအိုဖြစ်သူအား မတွေ့ရပေ။
သူသည် အလွန် အလုပ်များနေရော့သလား။
သူသည် မိသားစု စုဝေးပွဲသို့လည်း မလာရောက်သောကြောင့် အနည်းငယ် ထူးဆန်းနေလေပြီ။
အခြားသူများသည်လည်း အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားနေကြရလေသည်။
"ဟုတ်တယ် သာ့ဝေရော ဘယ်မှာလဲ။ သူ့ကို မမြင်ရတာ တော်တော်ကြာပြီနော်။ ကိစ္စတစ်ခုခုများ ရှိနေလို့လား။
အမျိုးသမီးအန်းသည် အန်းရုံအား သံသယများဖြင့် ကြည့်လိုက်ကာ တစ်ချိန်တည်းတွင်ပင် သူမ၏ စိတ်ထဲတွင် အန်းရှထက်ပင် အတွေးများနေတော့လေသည်။
ပထမတွင် သူမသည် အငယ်ဆုံးသမီးမှာ ပြန်ရောက်လာခြင်းနှင့် တည်းခိုအိမ်ဖွင့်မည့်အကြောင်းတို့ကြောင့် အလုပ်များနေခဲ့ပြီး အကြီးဆုံးသမီးအား ဂရုမစိုက်နိုင်ခဲ့ပေ။
ယခုအချိန်တွင် အန်းရှမှ ပြောလိုက်သောကြောင့် သမက်ဖြစ်သူအား မမြင်ရသည်မှာ အတော်ပင် ကြာနေကြောင်းကို သတိထားမိသွားလေသည်။
လူတိုင်းသည် သူမ၏ ကိစ္စအပေါ်တွင် အာရုံစိုက်လိုက်ကြလေသည်။
အန်းရုံသည် သဘာဝမဆန်စွာ ရယ်ပြလိုက်လေသည်။
"သဝေ... သဝေက အခု အရမ်းအလုပ်များနေပြီး စီးပွားရေးကလည်း အရမ်းကောင်းနေတယ်လေ။ သူက အခြားနေရာမှာ အလုပ်သွားလုပ်နေပြီး ပြန်လာဖို့ အချိန်မရှိလို့..."
သူမသည် ထိုစကားလုံးများနှင့် အန်းရှအား အရူးလုပ်နိုင်လောက်သော်လည်း အမျိုးသမီးအန်းကိုတော့ မရနိုင်ပေ။
သူတို့သည် ယခုအချိန်တွင် ညစာ စားနေကြခြင်းဖြစ်ကာ ထိုအကြောင်းများကို ပြောရန် အချိန်ကောင်း မဟုတ်ပေ။ ထို့ကြောင့် အမျိုးသမီးအန်းသည် ခေါင်းကိုသာ ညိတ်လိုက်လေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်