အပိုင်း (၁၃၁)
မော့ယွီစန်းသည် ချီလိထံမှ ထိုဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သောအခါ ကြောင်စီစီဖြစ်သွားလေသည်။
သူနှင့်ချောင်ယွီသည် ကောင်းမွန်ရင်းနှီးသော ဆက်ဆံရေးမျိုးမရှိသော်လည်း သူတို့သည် ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြသူများ ဖြစ်လေသည်။
ထို့အပြင် သူတို့သည် တစ်ယောက်အကြောင်း တစ်ယောက်သိလေသော သူငယ်ချင်းများ ဖြစ်ကြလေသည်။
ထို့ကြောင့် သူသည် ချောင်ယွီအကြောင်း ကောင်းကောက်းသိသည်ဟု ထင်မိလေသည်။ သူနှင့် အန်းရှသည် ပတ်သက်ဖူးသူများဟု သိစဉ်ကတည်းက ချောင်ယွီသည် သူမအား စွန့်ခွာခဲ့သင့်လေသည်။
သူနှင့် အန်းရှကြားမှ ဆက်ဆံရေးသည် ရှုပ်ထွေးနေသော်လည်း သူသည် အန်းရှအား ဆက်လက်၍လိုက်ရန် စိတ်ကူးရှိနေလေသည်။
"သူတကယ်ပဲ အဲဒီလို ဆုံးဖြတ်လိုက်တာလား..." သူသည် ထိုစကားအား ခြောက်ကပ်စွာ ပြောဆိုလိုက်လေသည်။
ထိုအချိန်တွင် သူ၏ စိတ်အစဉ်တစ်ခုလုံးတွင် အန်းရှအကြောင်းများနှင့်သာ ပြည့်နှက်သွားတော့သည်။
သူသည် အပြင်ထွက်သွားလေသော ထောင်ကျစ်ရှင်းအကြောင်းအား မည်သို့ပင် စဉ်းစားနိုင်ဦးတော့မည်နည်း။
"ဟုတ်တယ် ယွီစန်း။ မင်းလည်းသိတယ်မလား။ ချောင်ယွီက လုံးဝကို အတည်ပေါက်ဖြစ်နေတာ။ သူက လုံးဝကို စိတ်နှစ်ထားတာ။ အရင်က သူ့ရဲ့အချစ်ဦးကြောင်း ရည်စားနောက်ထပ် မထားတော့ဘူးလေ။ ဒီတစ်ကြိမ်မှာတော့ သူက အန်းရှကို သဘောကျတယ်ဆိုပြီးတော့ လုံးဝကို ဆုံးဖြတ်ချက်ချထားတာ..." ဖုန်းထဲတွင် ချီလိသည် စိတ်ခံစားမှုအပြည့်ဖြင့် ပြောနေလေသည်။
မော့ယွီစန်းသည်လည်း ချီလိပြောနေသော စကားလုံးများအား နားလည်လေသည်။
ထို့အပြင် ချောင်ယွီနှင့် ဟယ်မိသားစုမှ မင်းသမီးလေး၏ အချစ်ဇာတ်လမ်းကိုလည်း သူတို့၏ အသိုင်းအဝိုင်းမှ သူများအားလုံးကလည်း သိထားကြလေသည်။
သူသည် ထိုမိန်းကလေးနှင့် လမ်းခွဲပြီးနောက်တွင် နှစ်ပေါင်းများစွာကြာအောင်ရည်းစား ထပ်မထားတော့ချေ။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်