အပိုင်း (၁၄၄)
ဟော်စစ်သည် သူတို့အား လက်ဆောင်များ ပေးလိုက်စဉ်ကတည်းက ထိုသူသည် သူတို့၏အိမ်တွင် အခွင့်ထူးခံ လူတစ်ယောက်ကဲ့သို့ ဖြစ်သွားလေတော့သည်။
အန်းချိုးကဲ့သို့ ပေါင်းသင်းရခက်ခဲသော လူငယ်လေးသည်ပင်လျှင် ဟော်စစ်မှပေးသော ထူးဆန်းသော လက်ဆောင်လေးအား သဘောကျလှလေသည်။
သူသည် ဟော်စစ်အား လိမ္မာယဉ်ကျေးစွာဆက်ဆံနေကာ သူ့အား အစ်ကိုဟော်ဟူ၍သာ တစ်နေ့လုံးခေါ်ဆိုနေပုံမှာ သူ၏ အစ်ကိုအရင်းကဲ့သို့ပင် သဘောထားနေသကဲ့သို့ပင်။
ထို့ကြောင့် အစ်မကြီးတစ်ယောက်ဖြစ်နေသော အန်းရှသည် မခံချင်လောက်အောင် ဖြစ်မိလေသည်။
ထို့ကြောင့် ဟော်စစ်သည် သူမ၏ ချစ်သူအဖြစ်သို့ ရောက်ရှိပြီးကတည်းက သူမအနေအထားသည် အနည်းငယ် ဘေးရောက်နေလေတော့သည်။
အန်းမိသားစုသည် ဟော်စစ်ဖော်စပ်ထားသော အချစ်ပီယဆေးအား သောက်မိထားသကဲ့သို့ ဖြစ်နေတော့သည်။
အန်းရှသည် ဟော်စစ်မှာ မိဘများအား ပန်းနှင့်သစ်ပင်များ စိုက်ပျိုးရာတွင် ကူညီနေပုံအား ကြည့်နေမိလေသည်။ သူမသည် ဘာပြောရမှန်းပင် မသိတော့ဘဲ စိတ်ညစ်စွာနှင့် တီးတိုးပြောဆိုမိလေသည်။ "ကျားရှု မင်းကတော့ သူတို့နဲ့မတူပဲ ဆန့်ကျင်ဘက်ပဲမဟုတ်လား..."
လတ်တလောတွင် ဖုန်းအသုံးပြုရခြင်းအား စွဲလမ်းနှစ်သက်နေသော မော့ကျားရှုသည် သူ၏နှုတ်ခမ်းများအား စုစည်းလိုက်ကာ အန်းရှကား ပြီတီတီအကြည်များဖြင့် ကြည့်ရှုလိုက်လေသည်။
"သေချာတာပေါ့... သားကအမြဲတမ်း အမေ့ဘက်ကပဲ..."
မော့ကျားရှု၏ စကားလုံးများအား ကြားလိုက်ရသောအခါ အန်းရှသည် အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။
သူမသည် ဟော်စစ်အား မျက်တောင်မခပ်တမ်း ကြည့်ရှုလိုက်ကာ ဟော်စစ်သည် မိဘများအား များစွာ ကူညီပေးနေသည်ဟု စိတ်ထဲတွင် တွေးနေမိလေသည်။
သို့သော် သူမသည် နားမလည်နိုင်အောင် ဖြစ်နေရလေသည်။ ထိုသူသည် သူမ၏ ဟန်ဆောင်ချစ်သူသာ ဖြစ်နေသည်မဟုတ်လား။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်