Part 154

1.3K 123 4
                                    


အခန်း (154)

အန်းရှ အတွက်တော့ ဒီအကြံဉာဏ်ကို ရှေ့တန်းတင်ခဲ့သည့် ဟော်စစ်နှင့် ပတ်သတ်၍ သူမ၏ ထင်မြင်ချက်များ မြင့်တက်လာခဲ့သည်။

ဟောက်စီသည် ချန်ယွိ၏ ရှေ့တွင် ချစ်သူအဖြစ် ဟန်ဆောင်ခဲ့သော အချိန်တွင် သူတို့ ပို၍ ရင်းနှီးလာကြသည်။

၎င်းကြောင့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို မူလကတည်းက မေးခွန်းထုတ်ခဲ့သည့် ချန်းယုသည် ဟောက်စီနှင့် အန်းရှတို့ကို ချစ်သူတွေလို့ ယုံကြည်လာခဲ့သည်။

သူ၏ ရင်တွေ ကွဲသွားရသည်။

ထို့အပြင် ဟန်ဖေးယွိ၏ ခြိမ်းခြောက်မှုဒဏ်ကို နေ့စဉ်ရင်ဆိုင်နေရသည်။

အဲ့တာက သူ့ကို ရုပ်ပိုင်းဆိုင်ရာ‌ကော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနွယ်စေသည်။

သူနေ့စဉ် ခံစားနေရသည်ကို အနည်းငယ် သက်သာစေသည့် တစ်ခုတည်းသော အရာမှာ အန်းရှ၏ ညီမ အန်းနင်၏ အသွင်အပြင်ဖြစ်သည်။

အန်းရှမှာ ချစ်သူရှိနေပြီ‌ဆိုတာ သူသိပေမယ့်လည်း ခံစားချက်တွေက စက္ကန့်ပိုင်းအတွင်း မပျောက်ကွယ်သွားချေ။

သူဟာ အနားယူရန်အတွက် ထွက်လာခဲ့သည် ဖြစ်သောကြောင့် သူအများကြီး မတွေးတော့ချေ။ အန်းရှ၏ ဝမ်းကွဲ အန်းနင် ရောက်လာသည့် အချိန်တွင် သူသည် အန်းရှနှင့် ပတ်သက်သည့် အရာအားလုံးကို နားထောက်၍ စိတ်သက်သာရာ ရသွားသည်။

အန်းမိသားစုသည် အန်းနင်၏ အသွင်အပြင်ကို မမျှော်လင့်ထားခဲ့ချေ။

ပြီးခဲ့တဲ့ညက ပြင်းထန်တဲ့အခြေနေတွေ ဖြစ်ပြီးသည့်နောက်တွင် အန်းနင်သည် ယာတောအိမ်သို့ နေ့တိုင်း လာနေမြဲပေ။

သူမသည် အလုပ်ကိုမလာဘဲ နှင့် တောင်းပန်ခြင်းလဲ မရှိသောကြောင့် အဖေအန်းနှင့် အမေအန်းတို့သည် ခံစားချက် သိပ်မကောင်းခဲ့ချေ။

သူတို့က မျက်လုံးတစ်ဖက်ကိုဖွင့် တစ်ဖက်ကို ပိတ်ပြီးတော့ သူမ မရှိသလိုနေခဲ့ရသည်။

"အကိုချန်းယွိ ပြောရရင် မင်းက ကောင်းပါတယ်။ ဒါကြောင့် ငါ့ဝမ်းကွဲကို ကပ်တွယ်နေစရာ မလိုပါဘူး။ သူမက လှပတဲ့အတွက်ကြောင့် ငယ်ငယ်ကတည်းက ယောကျာ်းမရှားခဲ့ဘူး"

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now