Part 118

2.2K 177 0
                                    


အပိုင်း (၁၁၈)

သူမသည် အပ်နှင့် မထိုးဖောက်ခင်တွင် မော့ယွီစန်းမှ တားလိုက်လေသည်။

"နေဦး ငါလုပ်လိုက်မယ်.. "

မော့ယွီစန်းသည် သူမအား လွန်ဆန်သောအကြည့်ဖြင့် ကြည့်လိုက်လေသည်။ အန်းရှသည် နှုတ်ခမ်းများကို စေ့ပိတ်လိုက်ကာ မည့်သည့်စကားကိုမျှ မပြောဆိုလေဘဲ အပ်ကိုသာ ပေးလိုက်လေသည်။

"ဒီနေရာမှာ ထိုးဖောက်လိုက်..."

အန်းရှသည် ထိုအရာမှာလည်း အတူတူပင်ဖြစ်ကြောင်း တွေးလိုက်မိလေသည်။ မူးမေ့ချင်ယောင်ဆောင်နေသော ထောင်ကျစ်ရှင်းသည် မည်သို့ပင်ဆိုဆို ခံစားရမည် ဖြစ်လေသည်။

မော့ယွီစန်းသည် အပ်ကို ကိုင်ထားကာ ဟော်စစ်၏ ညွှန်ကြားချက်များအတိုင်း ထောင်ကျစ်ရှင်း၏ အပ်စိုက်ကုထုံးနေရာအား ထိုးဖောက်လိုက်လေသည်။

ထောင်ကျစ်ရှင်း၏ မျက်ဝန်းများမှာ မိတ်ထားလျက်ပင်ရှိနေကာ နိုးလာမည့် အနေအထားတွင် မရှိပေ။

ထောင်ကျစ်ရှင်း၏ လက်သည်းများမှာ မည်သူမျှမမြင်နိုင်သော နေရာတစ်ခုစီသို့ ဆူးစိုက် နစ်ဝင်သွားလေသည်။

"ဘာမှ မတုံ့ပြန်ဘူး..."

မော့ယွီစန်းသည် ထောင်ကျစ်ရှင်းမှာ နိုးမလာသေးသောအခါ မျက်မှောင်ကြုတ်လိုက်ကာ ဟော်စစ်အား ရမ်းကုဆရာဝန်တစ်ယောက်ကဲ့သို့ သဘောထားကာ စိုက်ကြည့်လိုက်လေသည်။

"ကြည့်ရတာ ခင်ဗျားအနေနဲ့ ပေါ့ပေါ့လေး လုပ်လိုက်လို့ထင်တယ်။ သူမကို ခပ်ပြင်းပြင်းလေး အပ်စိုက်ပေးရမှာ။ အဲဒီတော့မှ နိုးလာမှာလေ..." ဟော်စစ်သည် သဘာဝဆန်ဆန်ပင်ပြောလိုက်လေသည်။

သူသည် အပြစ်ရှိနေသကဲ့သို့ ဖြစ်မနေဘဲ ဆရာဝန်တစ်ယောက်ကဲ့သို့ပင် ပြောလိုက်လေသည်။

သံသယဝင်နေဆဲဖစ်သော မော့ယွီစန်းသည် ဟော်စစ်၏ ပြောင်မြောက်လှသောသရုပ်ဆောင်ချက်များအောက်တွင် အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်လေသည်။ ယခုတစ်ခေါက်တွင်တော့ သူသည် အနည်းငယ် ရက်စက်ကာ ခပ်ပြင်းပြင်း ပြုလုပ်လိုက်လေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now