68 01
"အပိုင်း (၆၈)"
နွေးထွေးသော အဝါရောင် အလင်းတန်းလေးသည် ဝတ်စုံအဖြူကိုဝတ်ဆင်ထား၍ နက်မှောင်သော ဆံနွယ်ရှည်များရှိသည့် ထိုအမျိုးသမီးအပေါ်သို့ ဖြာကျနေသောကြောင့် သူမ၏ အသွင်ကို ပို၍ နူးညံ့သယောင် ဖြစ်နေစေသည်။
သူမ၏ ပင်ကိုအသွင်သည်ကိုက နူးညံ့သော မိန်းကလေးတစ်ဦး ဖြစ်သည်။
သူမသည် ထောင်ကျစ်ရှင်း ဖြစ်လေသည်။
သားဖြစ်သူ၏ နံဘေးတွင် စောင့်ရှောက်ပေးနေသော ထိုအမျိုးသမီးကိုကြည့်လိုက်ရင်း မော့ယွီစန်း၏ မျက်ဝန်းများသည် နူးညံ့သွားတော့သည်။
သူသည် ဆေးရုံခုတင်အနားသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်လေသည်။ ယခုအချိန်တွင်တော့ သူသည် အိပ်ပျော်နေကြသော လူကြီးတစ်ဦးနှင့် ကလေးတစ်ဦးကို တွေ့မြင်ရပြီ ဖြစ်လေသည်။
မော့ကျားရှုသည် ငှက်မွှေးအိပ်ရာထဲတွင် အိပ်ပျော်နေခြင်း ဖြစ်လေသည်။
ထောင်ကျစ်ရှင်းသည် ခုံပေါ်တွင်ထိုင်နေရင်းဖြင့် အိပ်ယာအစွန်းပေါ်သို့ ကိုယ်တစ်ပိုင်းမှီထား၍ အိပ်ပျော်နေခြင်း ဖြစ်လေသည်။
သူမသည် အနည်းငယ် ပင်ပန်းနေပုံရလေသည်။ သူမသည် သူ၏သားကို ပြုစုစောင့်ရှောက်နေရသောကြောင့် သူမကိုယ် သူမပင် သိပ်ဂရုစိုက်မိခဲ့ပုံမရချေ။
ထိုအမျိုးသမီးသည် လတ်တလောတွင် ကုမ္ပဏီတွင် သိပ်၍ရှိနေပုံမရချေ။ ထို့ကြောင့် သူ၏မျက်ဝန်းများသည် ပို၍ပင် နူးညံ့သွားတော့သည်။
မော့ယွီစန်းသည် အိပ်ပျော်နေသော သူမကို နှောင့်ယှက်ချင်လိုခြင်း မရှိချေ။ သို့သော် မည်သူမျှ တွေးမထင်ထားမိသည်က ဝေါင်ဝမ်သည် ထိုကဲ့သို့ အေးချမ်းငြိမ်သက်မှုကို ဖျက်ဆီးပစ်လိုက်မည်ဟူ၍။ "သူဋ္ဌေးမော့... ကျွန်တော်..."
မော့ယွီစန်းသည် မျက်မှောင်ကြုတ်လိုက်ကာ ဝေါင်ဝမ်ဆီသို့ အကြည့်တစ်ချက်ပို့လွှတ်လိုက်ရင်း သူဆက်ပြောမည့် စကားလုံးများကို ပိတ်ပင်လိုက်လေသည်။
သို့သော် အိပ်မောကျနေသော ထောင်ကျစ်ရှင်းသည် နိုးသွားလေသည်။ "ယွီစန်း... ရှင်ဒီမှာ ဘာလုပ်နေတာလဲ..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်