အပိုင်း (၁၁၉)
"ဆရာမော့ မိန်းကလေးထောင်ရဲ့ ခန္ဓာကိုယ်က တစ်ခုခုထူးခြားတာမျိုးတော့ မရှိပါဘူး။ သူမမေ့လဲသွားရတာကသူမ ပင်ပန်းနေလို့ ဖြစ်နိုင်ပါတယ်..."
ဆရာဝန်၏အဖြေကို ကြားလိုက်ရသောအခါသူ၏မျက်ဝန်းများ အနည်းငယ် တည်ကြည်သွားလေသည်။ သူသည် အချိန်တစ်ခဏကြာအောင် တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်ပြလိုက်တော့သည်။
သူသည် ဟော်စစ်မှာဆရာဝန်မဟုတ်ကြောင်း သိလိုက်ရသောအခါ ထောင်ကျစ်ရှင်း၏ မေ့လဲသွားမှုကိုလည်း သံသယဝင်သွားတော့သည်။
သူသည် ဆရာဝန်၏ စကားကို ကြားလိုက်ရသောအခါ သူ၏ရင်ထဲမှ သံသယများသည်လည်း ခိုင်မာသွားတော့သည်။
ထောင်ကျစ်ရှင်းသည် သူ့အား အမှန်တကယ်ပင်လှည့်စားခဲ့လေသည်။ သူမသည်မေ့လဲချင်ယောင် ဟန်ဆောင်ခဲ့လေသည်။
သူမသည် အဘယ်ကြောင့်များ မေ့လဲဟန် ဟန်ဆောင်ခဲ့ရသနည်း...။
မော့ယွီစန်းသည်အန်းရှပြောသော စကားများကို တွေးတောမိလိုက်လေသည်။
သူတို့၏ကြားတွင် စကားတစ်ခွန်းပြောခဲ့လေသည်။ ထိုအရာမှာ စာအကြောင်းပင်။ ဘာစာများလဲ...။
ထိုအရာသည် သူ၏ရင်ထဲတွင်သံသယမျိုးစေ့တစ်ခုအဖြစ် အမြစ်တွယ်သွားလေသည်။
.....
"ဟော်စစ်... ကျွန်မ သန်ဘက်ခါကျရင် အိမ်ပြန်တော့မလို့။ ကျွန်မကို ရှာချင်တယ်ဆိုရင် အပန်းဖြေ ဥယျာဉ်ကြီးကိုသာ လာခဲ့လိုက်ပါ..."
သူမသည် ဟော်စစ်အားပြုံးပြကာ အိမ်သို့ ဖိတ်ခေါ်လိုက်လေသည်။
ဟော်စစ်သည် ခေါင်းပင်မညိတ်ပြရသေးခင်တွင် အန်းရှမှ ထပ်ပြောလိုက်လေသည်။ "မဟုတ်သေးဘူး... ကျွန်မတို့ရဲ့ ဥယျာဉ်ကြီးက အခုဆို အရမ်းကို နာမည်ကြီးနေပြီ။ ရှင်သာ လာခဲ့မယ်ဆိုရင် ရှင့်ကို မှတ်မိသွားကြမှာပဲ။ အန္တရာယ်များလွန်းတယ်။ ရှင်မလာသင့်ဘူး..."
အန်းရှ၏ ဥယျာဉ်ကြီးဆီသို့ ပျော်ပျော်ရွှင်ရွှင် သွားရောက်ချင်နေသော ဟော်စစ်သည် အနည်းငယ် စိတ်ညစ်သွားလေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်