အပိုင်း (၄၃)
အချိန်သည် မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးလျက်ရှိလေသည်။ လူကြီးအချို့နှင့် ကလေးများသည် သူတို့၏ အလုပ်များ၊ ကျောင်းများသို့ သွားကြရဦးမည် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် တုံ့ဆိုင်းစွာဖြင့်ပင် ကားပေါ်သို့တက်လိုက်ကာ ဥယျာဉ်ကြီးမှ ထွက်ခွာသွားကြရတော့သည်။
ဧည့်သည်များအားလုံးသည် ထွက်ခွာသွားကြပြီ ဖြစ်သော်လည်း အန်းမိသားစုနှင့် လျိုမိသားစုသည်တော့ ကျန်ရှိနေကြသေးသည်။
ဤနေ့သည် အားလပ်ရက် မဟုတ်လေသောကြောင့် ထိုမိသားစုနှစ်ခုသည် အတူတကွ လာရောက်ကြခြင်း မဟုတ်ပါ။
အန်းမိသားစုမှ ဦးလေးဖြစ်သူ၊ လျိုမိသားစုမှ အသက်အရွယ်အကြီးဆုံး လင်မယားနှင့် ဒုတိယအကြီးဆုံး လင်မယားတို့မှလွဲ၍ ကျန်သူများသည် ကျောင်းကိစ္စနှင့် အလုပ်ကိစ္စများကြောင့် အမျိုးသမီးအန်း၏ မွေးနေ့ပွဲသို့ တက်ရောက်ခြင်း မရှိကြပေ။
သူတို့အားလုံးအနက်မှ အန်တီဖြစ်သူ၏ မိသားစုသည်လည်း မရောက်ရှိခဲ့ပေ။
"မင်းတို့ကတော့ အခက်အခဲတွေအများကြီးကို ရင်ဆိုင်ပြီးသွားတော့ နောက်ဆုံးမှာ ပျော်ရွှင်စရာ ဘဝလေးကို ပိုင်ဆိုင်သွားတာပဲ။ ငါတို့ရဲ့မိဘတွေသာ မင်းတို့အခုလို ကောင်းကောင်းမွန်မွန် နေထိုင်နေတာကို မြင်လိုက်ရရင် အေးအေးဆေးဆေး အနားယူနိုင်သွားမှာပဲ"
ထိုကဲ့သို့ ပြောလိုက်သူမှာ အန်းချောင်ရှုန်း၏ အစ်ကိုဖြစ်သူ အန်းကော်ဟွားပင် ဖြစ်သည်။
အစ်ကိုကြီး အဖရာ ဆိုသည့် ဆိုရိုးစကားကဲ့သို့ပင် အန်းညီအစ်ကို၏ အဖေသည် စောစောစီးစီး ဆုံးပါးသွားလေသောကြောင့် အန်းကော်ဟွားကပင် ဖခင်တစ်ဦးကဲ့သို့ အန်းချောင်ရှုန်းကို ပြုစုပျိုးထောင်လာခဲ့ရလေသည်။
အန်းကော်ဟွား၏ ပိုင်ဆိုင်မှုများသည် သူ၏ ကပ်စေးနှဲဇနီးဖြစ်သူကြောင့် ကန့်သတ်ခံထားနေရသည်။
သို့သော်လည်း အန်းကော်ဟွားသည် သူတို့မိသားစုကို အခြေကျစေရန် များစွာ ကူညီပေးခဲ့လေသည်။
VOUS LISEZ
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Roman d'amourဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်