Part 28

6K 578 6
                                    

28 01

အခန်း ၂၈

အန်းရှသည် အသက် ၁၈ နှစ်သာရှိသေးပြီး သာမာန်သူတစ်ဦးကဲ့သို့ လောကကြီးနှင့် များစွာ မထိတွေ့ရဖူးသေးသူ ဖြစ်သည့်အလျောက် တာဝန်ဝတ္တရားများနှင့် ပတ်သက်၍လည်း မသိနားမလည်သေးချေ။ သို့သော်လည်း သူမကို အကြွင်းမဲ့ ချစ်မြတ်နိုးကြသော မိသားစုနှင့် ဆုံတွေ့လိုက်ရသောအခါ သူမသည် အင်းအားများကို စုစည်းလိုက်လျက် အရွယ်ရောက်ပြီး လူကြီးတစ်ယောက်ကဲ့သို့ မိသားစုတာဝန်များကို ထမ်းဆောင်တော့မည်ဖြစ်သည်။

သူမသည် အလွန်ကံကောင်းလှသည်။ အမျိုးသားဇာတ်ဆောင်သည် စိတ်ဓာတ်ဆိုးရွားသူ တစ်ယောက် မဟုတ်သော်လည်း မူလပိုင်ရှင်အပေါ်တွင်တော့ ဗီလိမ်သာသာ ဖြစ်ခဲ့သည်။ ထိုသူသည် သူမကို ငွေကြေးများစွာ ခွဲဝေပေးခဲ့သောကြောင့် သူမ၏ မိသားစုကို ကောင်းကောင်းမွန်မွန်ထားနိုင်ရန် လုံလောက်လေသည်။

"အဖေတို့ ဒီအိမ်မှာ နေလာခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာနေပြီဆိုတော့ အိမ်အသစ် ပြောင်းသင့်နေပြီ"

အားလုံးသည် အန်းရှကို တအံတသြကြည့်လိုက်လေသည်။

"ဆိုင်ကို ပိတ်ရမယ်?"

"အိမ်ပြောင်းရမယ်?"

မိဘများသည် တစ်ခဏမျှ အံ့သြမှင်တက်သွားပြီးနောက် ချက်ချင်း ငြင်းလေတော့သည်။

"မဖြစ်ပါဘူး..သမီးရဲ့ ယွမ်ခြောက်သန်းထဲကနေ သုံးလို့မဖြစ်ပါဘူး၊ အမေတို့က..."

"မဟုတ်ဘူး...သမီးပြောတာ နားထောင်၊ ဒီယွမ်ခြောက်သန်းက သမီးက အမေတို့ကို ပေးထားတဲ့ ပိုက်ဆံတွေ၊ သမီးပိုင်တာ မဟုတ်တော့ဘူးလေ.."

အန်းရှသည် ရှက်ပြုံးလေး ပြုံးလိုက်မိပြီးနောက် တစ်ခဏအကြာတွင် တည်တည်ကြည်ကြည် ပြောလိုက်လေသည်။ "သမီးက ကွာရှင်းလိုက်တော့ နစ်နာကြေး အများကြီး ရလိုက်တယ်။ အဲဒီလူက အရမ်းချမ်းသာတော့ ကုမ္ပဏီရှယ်ယာတွေလည်း ခွဲပေးခဲ့တယ်။ နှစ်တိုင်း ကုမ္ပဏီရှယ်ယာတွေရဲ့ ကိုးရာခိုင်နှုန်းကို ရမှာဆိုတော့ သမီးတစ်ယောက်ထဲ အကုန်မသုံးနိုင်ဘူးလေ"

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now