အပိုင်း (၁၄၀)
ထိုအကြံဉာဏ်သည် ဖြစ်နိုင်ချေရှိလေသည်။
"ငါတို့လုပ်နိုင်တာ အဲဒါပဲရှိတယ်..."
သူမသည် အနည်းငယ် တွေဝေနေသေးလေသည်။ တစ်ခုခုတော့ ထူးဆန်းနေလေသည်။
သို့သော်လည်း အန်းရှသည် ဟော်စစ်၏ အကြံဉာဏ်အား လက်ခံလိုက်လေသည်။
ဟော်စစ်နှင့် စကားပြောပြီးနောက်တွင် အန်းရှသည် စိတ်သက်သာရာ ရသွားလေသည်။
မည်သို့ပင်ဆိုဆို ချောင်ယွီအားအဝေးသို့ ပို့လိုက်နိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်လေသည်။
အန်းရှသည် စိတ်ချမ်းသာနေကာ သူမ၏ အကောင့်တွင်လည်း ရက်ရောစွာ မဲဖောက်ပေးနေတော့သည်။
ရရှိမည့်ပစ္စည်းသည် အခြားအရာများ မဟုတ်လေဘဲ လတ်တလောတွင် အင်တာနက်ပေါ်တွင် နာမည်ကြီးနေလေသော ဆော့စ်များပင် ဖြစ်လေသည်။
[ကျွန်မဒီနေ့ တော်တော်လေး ပျော်နေတယ်။ ကံကောင်းတဲ့ ပရိသတ် အယောက်တစ်ရာက ရှဟယ်ပြည်နယ်ရဲ့ တည်းခိုအိမ်ကထုတ်လုပ်တဲ့ ဆော့စ်သုံးမျိုးကိုရမယ်...]
ထိုပိုစ့်အား အကောင့်တွင် တင်လိုက်သောအခါ အင်တာနက်အသုံးပြုသူများစွာ သည် အုံကြွလာတော့သည်။
မူလက အန်းရှ၏အကောင့်တွင် ပရိသတ်ပေါင်းများစွာရှိလေသည်။ အလွယ်တကူနှင့် ဝယ်ယူ၍မရနိုင်သော ထီဆုကြေးကြောင့် နာမည်ကြီး ဆော့စ်များအကြောင်းသည် အင်တာနက်ပေါ်တွင် ရေပန်းစားနေတော့သည်။
[တောက်... နတ်သမီးလေးချီချီက အင်အားကြီးမားလိုက်တာ။ ပရိသတ်အယောက်တစ်ရာကို ပေးမယ်ဆိုတော့ ဆော့စ်ဘူးပေါင်း သုံးရာတောင်ပေါ့။ နတ်သမီးလေးရယ် ဘယ်လိုတောင် ဒီလိုမျိုး လုပ်နိုင်ရတာလဲ...]
[ဟာ နတ်သမီးလေးကတော့။ ဆော့စ်တစ်ပုလင်းကို ယွမ်သုံးရာနဲ့ရောင်းတာဆိုတော့။ ပြီးတော့အဲဒါက အခုထက်ထိ ဈေးကွက်ကို မရောက်သေးဘူး။ အခု နတ်သမီးလေးက လူအယောက်တစ်ရာကို ကံစမ်းမဲအနေနဲ့ ပေးမှာဆိုတော့ အရမ်းကို အံ့သြဖို့ကောင်းတာပဲ...]
VOCÊ ESTÁ LENDO
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်