အပိုင်း (၁၁၄)
အမှန်တကယ်မှာသူ၏ လက်ရှိအနေအထားဖြင့်ဆိုလျှင် ထို ကျောင်းကို တက်နေစရာပင် မလိုတော့ချေ။
သူသည် ထောင်ကျစ်ရှင်းတို့မိသားစုအား ဖြည်းဖြည်းချင်းစီ ကလဲ့စားချေချင်သောကြောင့် ဖြစ်လေသည်။
သို့သော်...
အန်းရှ၏ နူးညံ့၍ ချောမောလှပသော မျက်နှာအား ကြည့်လိုက်ကာ သူ့အား အမြဲတမ်း ဗီဒီယိုချက်များဖြင့် ဆက်သွယ်နေလေသော အဘိုးနှင့် အဘွားတို့အား စဉ်းစားမိလိုက်သောအခါ သူသည် အနည်းငယ် တုန်လှုပ်မိလေသည်။
ကားသည် နွေဦးစံအိမ်သို့ အလျင်အမြန် ရောက်ရှိသွားလေသည်။
သူမသည် ကားထဲမှ ထွက်လိုက်ပြီးသောအခါ အချိန်ပိုင်းဝန်ထမ်းမှ ကြိုတင်ပြင်ဆင်ပေးထားသော ဟင်းအမယ်များအား ရေထဲသေတ္တာထဲမှ ထုတ်လိုက်ကာ ကလေးအတွက်ညစာ ပြင်ဆင်ပေးလေသည်။
"ကျားရှု... အကြိုက်ဆုံး စားစရာရှိလား။ အမေ ချက်ပေးမယ်..."
အန်းရှသည် ကြီးမားလှသော မီးဖိုချောင်ကြီးထဲတွင် ဟင်းသီးဟင်းရွက်များအား ဆေးကြောနေလေသည်။
"သားက အမေချက်ကျွေးတာတွေ အားလုံးကို ကြိုက်တယ်..." သူ၏အဖြေမှာ အလွန်ပင် သာမန်ဖြစ်နေသော အန်းရှမှာ ခေါင်းခါလိုက်လေသည်။
"အဖြေကလည်း ဆိုးဝါးလိုက်တာ..."
သူမသည် လက်ထဲမှ ဝက်သားကို ဆေးကြောနေရင်းဖြင့် ဘေးသို့ ခဏချထားလိုက်ကာ ထပ်မေးလိုက်လေသည်။ "သားက အချိုကြိုက်တာလား... အငန်ကြိုက်တာလား... အစပ်ကြိုက်တာလား..."
ယခုကဲ့သို့ အသေးစိတ် အမေးခံလိုက်ရသောအခါ မော့ကျားရှုငည် ခေါင်းကိုငုံ့လိုက်ကာ တိုးညှင်းစွာဖြင့် ရှက်ရွံ့စွာ အဖြေပေးလိုက်လေသည်။ "အမေချက်ပေးတာတွေအားလုံးကို ကြိုက်ပေမဲ့ ချိုတာလေးတွေကို ပိုကြိုက်တယ်..."
အန်းရှသည် မော့ကျားရှုမှာ ကလေးတစ်ယောက်ဖြစ်သည့်အလျောက် အချိုများကို နှစ်သက်သည်ဟု နားလည်လိုက်လေသည်။
ထိုအရာသည် အန်းရှအား အချိုနှစ်သက်သော လူတစ်ယောက်အား သတိရသွားစေလေသည်။ ထိုသူမှာ ဟော်စစ် ဖြစ်လေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်