Part 120

2.5K 186 0
                                    

အပိုင်း (၁၂၀)

"နင်အခုလိုမျိုး နှေးနှေးလေးမောင်းမယ်ဆိုတာကိုသာ ငါသိခဲ့ရင် ငါကိုယ်တိုင်ပဲ မောင်းပါတယ်..." ချန်ရွှယ်မင်သည် ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။

မော့ကျားရှုသည် အန်းရှအား ကြည့်လိုက်ပြီး

နောက်တွင် ချန်ရွှယ်မင်ကို ကြည့်လိုက်ကာ တီးတိုးပြောလိုက်လေသည်။ "အန်တီချန် သားအမေပြောတာ မှန်တယ်။ ဘေးကင်းဖို့က ပထမလေ..."

ချန်ရွှယ်မင်ငည် မော့ကျားရှုအား ကြည့်လိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။ "မင်း... မင်းက အခုတော့ အမေ့ရဲ့ ထောက်ခံသူ ဖြစ်နေပြီပေါ့လေ။ ကြည့်ရတာ မင်းအမေ ဘာပြောပြော မှန်မှန် မှားမှား 'အမေပြောတာ မှန်တယ်' ဆိုပြီးတော့ ပြောနေတော့မယ်ထင်တယ်...

ထိုကလေး၏ ပြောင်းလဲမှုသည် အလွန်ကြီးမားလှလေသည်။

သူမ သူငယ်ချင်း၏ သားဖြစ်သူသည် ထောင်ကျစ်ရှင်းနှင့် နီးကပ်မှု မရှိနေရလျှင် ကောင်းသောကိစ္စပင်။

"အမေပြောတာက မှန်တယ်လေ..."

အခြေအနေမှာ အလွန်ကောင်းမွန်နေကာ အန်းရှသည် သူတို့အား ချန်ရွှယ်မင်မှ အရင်တစ်ခါက သူမအား ခေါ်လာခဲ့ဖူးသောစားသောက်ဆိုင်ဆီသို့ ကားကို မြန်မြန် မောင်းသွားတော့သည်။

သူတို့အား အန်းရှမှ ဒကာခံ ကျွေးမွေးမည် ဖြစ်လေသည်။

"မင်မင်... နင်စားချင်တာ အကုန်စားနော်။ ငါဒီနေ့ နင့်ကိုဝယ်ကျွေးမယ် နင်မှာချင်တာသာ မှာလိုက်တော့..."

ချန်ရွှယ်မင်သည် စကားတစ်ခွန်းမျှ မပြောဆိုလေဘဲ ခေါင်းခါလိုက်လေသည်။

"ရှရှ.. နင်ပိုက်ဆံတွေကို စုထားသင့်တယ်။ မဟုတ်ရင် တစ်နေ့ကျရင် ကုန်သွားလိမ့်မယ်..."

"ဘာဖြစ်လို့လဲ။ အမေ ပိုက်ဆံ သိပ်မရှိတော့ဘူးလား..."

ချန်ရွှယ်မင်၏ ဟာသသည် မထင်မှတ်စွာနှင့် မော့ကျားရှုအား စိတ်ထိခိုက်သွားစေလေသည်။

"မဟုတ်ပါဘူး။ အန်တီချန်ပြောတာတွေကို နားထောင်မနေပါနဲ့..." အန်းရှသည် ရယ်မော​ကာ လက်ခါပြလိုက်လေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now