Part 45

5.6K 506 2
                                    

အပိုင်း (၄၅)

သူမသည် ယခင်က ထိုကဲ့သို့ ရိုးသားချင်ယောင်ဆောင်ထားသော မိန်းမမျိုးကို သူမ၏ နံဘေးတွင် ရောက်ရှိနေခြင်းကိုမူ သတိမပြုမိခဲ့ပေ။

"ဟုတ်တယ် မင်မင်။ ငါတကယ်ကို အမှန်အတိုင်း ပြောနေတာပါ။ ငါ ရှရှကို ငါနဲ့ မော့ယွီစန်းကို အထင်လွဲအောင်လုပ်မိပြီး သူတို့ ကွာရှင်းလိုက်လိမ့်မယ်လို့ ငါ ထင်မထားမိခဲ့ဘူး။ ငါ့စိတ်ထဲမှာတော့ တကယ်ကို အားနာနေရတာပါ။ ငါအန်းရှကို လူကိုယ်တိုင်တွေ့ပြီး မျက်နှာချင်းဆိုင် တောင်းပန်ချင်တာပါ..."

သူမ၏လေသံသည် ရိုးသား၍ လေးနက်နေလေသည်။ သာမန်လူတစ်ယောက်သာဆိုလျှင် ထိုစကားလုံးများကြောင့် စိတ်ထိခိုက် ခံစားရနိုင်လေသည်။

သို့သော် ချန်ရွှယ်မင်သည် သာမန်သူတစ်ဦး မဟုတ်ချေ။ အခြားသူများ မသိသေးသော အကြောင်းအရာများကို သူမ သိရှိထားလေသည်။

"ထောင်ကျစ်ရှင်း... နင်ပြောသလိုသာဆိုရင် နင်က ရိုးသားပြီးတော့ မော့ယွီစန်းနဲ့လည်း ဘာမှ မပတ်သတ်ဘူး။ ရှရှကိုလည်း တောင်းပန်ချင်နေတယ်ပေါ့လေ။ ဒါဆိုရင်..."

"ဟုတ်တယ်လေ။ ငါအဲဒီလိုသာ တောင်းပန်နိုင်မယ်ဆိုရင် ငါ့အတွက် အပြစ်ပြေရာပြေကြောင်း ကြိုးစားကြည့်လို့ ရတာပေါ့..."

ချန်ရွှယ်မင်သည် လှောင်ပြုံး ပြုံးလိုက်၍ သူမ၏ မျက်ခုံးများကို ပင့်လိုက်လေသည်။ "နင် တကယ် တောင်းပန်ချင်တယ်ဆိုရင် မော့ယွီစန်းနဲ့ အဆက်အသွယ်ဖြတ်လိုက်လေ။ အဲဒါဆိုရင် ငါနဲ့ရှရှက နင်တို့နှစ်ယောက် ဘာမှ မပတ်သက်ဘူးဆိုတာကို ယုံလို့ရသွားတာပေါ့။ အဲဒါက ငါတို့နင့်ကို အထင်လွဲနေရတဲ့ အကြောင်းပဲ။ ဘယ်လိုလဲ။ တောင်းဆိုချက်က ရိုးရှင်းပါတယ်ဟာ။ နင်က ရိုးသားတယ်မလား။ ဒါက ဖြစ်သင့်တာပဲလေ..."

"မင်မင်... နင်လည်း သိရဲ့သားနဲ့။ ငါနဲ့ ငါ့ကလေးက ဒီအလုပ်ကို လိုအပ်တယ်လေ..."

"အိုး... ဟုတ်ပါပြီ... ထောင်ကျစ်ရှင်းရယ်။ နင် ဆက်ပြီး ဟန်ဆောင်နေစရာ မလိုတော့ပါဘူး။ နင်တကယ်ပဲ အပြစ်ရှိသလို ခံစားနေရတာလား တမင်ပြောနေတာလား ငါ ဂရုကိုမစိုက်ဘူး။ ငါက နင် ရှရှကိုသာ ဆက်မနှောင့်ယှက်ဖို့ကို မျှော်လင့်တာ။ သူနဲ့မော့ယွီစန်းက ကွာရှင်းပြီးသွားပြီလေ။ အဲဒီတော့ သူကလည်း နင့်အတွက် အတားအဆီးတစ်ခု မဟုတ်တော့ဘူး။ ငါ တောင်းပန်ပါတယ်ဟာ... နောင်အနာဂတ်မှာ နင် ရှရှနဲ့သာ ဝေးဝေးနေပေးပါတော့..."

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Donde viven las historias. Descúbrelo ahora