Part 97

3.5K 245 0
                                    

97 01

အပိုင်း (၉၇)

ရုတ်တရက်စတင်လိုက်သော နေရာယှဉ်ပြိုင်ပွဲကြောင့် ပြိုင်ပွဲဝင်များသည် ထိတ်လန့်သွားကြလေသည်။

ယခုအခြေအနေသည် လူတိုင်း၏ ကံကြမ္မာကို ပြောင်းလဲသွားစေနိုင်လေသည်။

၆၆ ယောက်သော ယှဉ်ပြိုင်သူများထဲတွင် အဆင့်သတ်မှတ်ချက် လေးခုရှိလေသည်။ အဆင့် A တွင် ယောက်ရှိသည်။ အဆင့် B တွင် ၁၄ ယောက်ရှိသည်။ အဆင့် C တွင် ၁၈ ယောက်ရှိပြီး အဆင့် D တွင် ၂၇ ယောက်ရှိလေသည်။

ထို့နောက် အဆင့် D မှသူများသည် အထုတ်ခံရမည် ဖြစ်လေသည်။

ထို့ကြောင့် ယခုကဲ့သို့ ရုတ်တရက် အကဲဖြတ်မှုသည် ကျောင်းများတွင် ရုတ်တရက် စာမေးလိုက်သကဲ့သို့ ဖြစ်နေသည့်အတွက် ပြိုင်ပွဲဝင်များအား ပျာယာခတ်သွားစေလေသည်။

အထူးသဖြင့် အခြေခံကောင်းများ မရှိလေဘဲ ဆရာများထံမှာ အရင်ဆုံး ပညာသင်ယူလိုကြသော ပြိုင်ပွဲဝင်များအတွက်ပင် ဖြစ်လေသည်။

အန်းရှ၏ဘေးတွင် ထိုင်နေသော ပြိုင်ပွဲဝင်နံပါတ် ၆၅ သည် ဝမ်းနည်းစွာဖြင့် ဗလုံးဗထွး ပြောနေလေသည်။ "ဘာလုပ်ရ​​တော့မှာလဲ။ တကယ်လို့ ငါတို့က ဇာတ်ကောင်တွေနဲ့ဇာတ်ညွှန်းတွေကို အစဉ်အလိုက် ရွေးလိုက်မယ်ဆိုရင်တော့ တကယ်ကိုသွားပြီပဲ။ ငါ စောစောသာ ကြိုသိမယ်ဆိုရင် ငါ လုပ်ထားမှာပေါ့..." သူမ၏ မိသားစုများနှင့် သူငယ်ချင်းများအား မဲလိမ်ပေးမှုများ လုပ်ခိုင်းမည် ဖြစလေသည်။

လူတိုင်းတွင် မိုက်ခရိုဖုန်းများ တပ်ဆင်ထားလေသည်။ ထို့ကြောင့် သူမအနေဖြင့် မပြောသင့်သော စကားများကို ရဲတင်းစွာ မပြောရဲပေ။

အန်းရှသည် ထိုမိန်းမငယ်လေးအား ပျော်ရွှင်စွာ ကြည့်နေမိလေသည်။

သူမ၏ဘေးတွင်ထိုင်နေသော ထိုမိန်းကလေးသည် ချစ်စဖွယ်မျက်နှာလေးရှိ၍ ငယ်ရွယ်သေးကာ အသက် ၂၀ ခန့်လောက်ပင် ရှိနေဦးမည် ဖြစ်လေသည်။

ဆံပင်ကို နှစ်ဖက်ခွဲစည်းထားကာ လွန်စွာ ချစ်စဖွယ်ကောင်းနေတော့သည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now