18 01
အခန်း ၁၈
သူမသည် အချိန်တော်တော်ကြာအောင် ထိုကလေးနှင့် တွေ့ဖြစ်ဦးမည် မဟုတ်ပေ။
သူမသည် ဤမြို့မှ ထွက်ခွာ၍ မူလပိုင်ရှင်၏ မိဘများကို ပြုစုစောင့်ရှောက်ပေးရန် ပြန်သွားရပေဦးမည်။
ထိုကိစ္စသည် မူလပိုင်ရှင်၏ အဖြစ်ချင်ဆုံးသော ဆန္ဒတစ်ခု ဖြစ်လေသည်။
အန်းရှသည် ချန်ရွှယ်မင်၏ လက်မောင်းကို ကိုင်ဆွဲထား၍ ထွက်ခွာသွားလေတော့သည်။ မော့ကျားရှုသည် အန်းရှကို ပွင့်လင်းသော သူတစ်ယောက်အဖြစ် ထင်မှတ်လိုက်ပြီး နောက်ကျောကိုသာ ငေးကြည့်နေမိတော့သည်။
ထိုကလေးငယ်လေး၏ မူလက နီထွေးနေသော နှုတ်ခမ်းလေးများသည်လည်း တင်းတင်းစေ့ထားသောကြောင့် ဖြူဖျော့နေလေတော့သည်။
သူ၏ ဂရုမစိုက်ဟန် အမူအယာသည်လည်း ခေါင်းမာသော ဟန်ပန်သို့ ပြောင်းလဲသွားပြန်သည်။
မော့စံအိမ်မှ ထွက်ခွာလာပြီးနောက် စိတ်ခံစားချက် မကောင်းသေးသော ချန်ရွှယ်မင်သည် သူမအနှစ်သက်ဆုံးသော စားသောက်ဆိုင် တစ်ဆိုင်တွင် ကောင်းကောင်း စားသောက်ရန် အန်းရှကိုခေါ်၍ ထွက်လာခဲ့လေသည်။
ထိုဆိုင်သည် ချန်ရွှယ်မင် အနှစ်သက်ဆုံးသော စားသောက်ဆိုင် ဖြစ်လေသည်။
ဤစားသောက်ဆိုင်မှ စားဖွယ်ရာများသည် လွန်စွာ ဈေးကြီးလှသဖြင့် သူမသည် မကြာခဏတော့ လာရောက်လေ့မရှိပါ။
အနည်းဆုံးတော့ ဤစားသောက်ဆိုင်မှ အသားအသောက် ဈေးနှုန်းများသည် သူမအနေဖြင့် မကြာခဏ လာရောက် စားသောက်ရန် တတ်နိုင်သည့် အနေအထား မဟုတ်ချေ။
"ရှရှ...ဒီဆိုင်က အစားအသောက်တွေက အရမ်း စားကောင်းတယ်။ ဒီဆိုင်မှာ လာစားချင်တယ်ဆိုရင် တစ်ပတ်ကြိုတင်ပြီး စာရင်း ပေးထားရတယ်"။
ချန်ရွှယ်မင်သည် အန်းရှကို ဤစားသောက်ဆိုင်အကြောင်း ပြောပြ၍ ဤဆိုင်မှ အထူးဟင်းလျာများ အကြောင်းကိုလည်း ရှင်းပြနေလေသည်။ "ယန်ကျင်း ဝက်ဆားနယ်ခြောက်၊ ဘဲကင်၊ ငါးနဲ့ ဟင်းအနှစ်..."။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်