Part 56

4.5K 425 1
                                    

အပိုင်း (၅၆)

ကျောင်းချန်သည် သူ၏ စိတ်ကူးအကြံအစည်များကို ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။

"ငါ့ရဲ့သမီးကို အစီအစဉ်မှာ ပါဝင်ရိုက်ကူးဖို့ ဖိတ်ခေါ်တယ်..."

"ကျွန်မကို အစီအစဉ်မှာ ပါဝင်ရိုက်ကူးဖို့လား..."

အန်းလင်မယားနှင့် အန်းရှတို့သည် အံ့သြသွား၍ ထိုသူ၏ ဆိုလိုရင်းကို သိလိုက်လေသည်။

သို့သော် အန်းလင်မယားသည် ပျော်ရွှင် အံ့အားသင့်သွားကြသော်လည်း အန်းရှသည် မပျော်ရွှင်မိချေ။

"ဟုတ်တယ် ကျွန်တော်က မိန်းကလေး အန်းရှကို နောက်ဆုံးပိုင်းမှာ စားဖိုမှူးအဖြစ် ပါဝင်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။ မင်းကို ဧည့်သည်အဖြစ် သတ်မှတ်ပေးလို့လည်း ရပါတယ်။ မင်းအနေနဲ့ အခြားအနုပညာရှင်တွေနဲ့ လှုပ်ရှားမှုတွေကို ပါဝင်လုပ်ဆောင်ပေးပြီး သူတို့အတွက် တစ်နေ့သုံးနပ် ချက်ပြုတ် ပြင်ဆင်ပေးရမှာပါ..."

အန်းလင်မယားသည် သူတို့၏ သမီးသည် တီဗွီအစီအစဉ်တွင် ပါဝင်တော့မည် ဖြစ်သည့်အတွက် အလွန် ပျော်ရွှင်နေကြလေသည်။

သို့သော် အန်းရှသည် ခေါင်းကို ခါယမ်းလိုက်၍ ကျောင်းချန်၏ ဖိတ်ခေါ်မှုကို ငြင်းဆိုလိုက်လေသည်။ "စိတ်မရှိပါနဲ့... ကျွန်မ သူတို့အတွက် ချက်ပြုတ်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ရှင့်အစီအစဉ်မှာတော့ ပါဝင်ရိုက်ကူးတာမျိုး မလုပ်ချင်ပါဘူး..."

ကျောင်းချန်သည် သူ၏ကမ်းလှမ်းချက်ကို ယခုကဲ့သို့ ငြင်းပယ်လိုက်မည်ဟု မထင်ထားမိခဲ့ပေ။

နောက်တစ်ချက်မှာ ထိုအစီအစဉ်သည် လတ်တလောတွင် ရေပန်းစား၍ အကျော်ကြားဆုံး အစီအစဉ်တစ်ခု ဖြစ်နေလေသည်။

အင်တာနက်တွင် ကျော်ကြားနေသူ များစွာသည် ဤအစီအစဉ်တွင် ပါဝင်ရိုက်ကူးချင်နေကြသည် ဖြစ်သည်။ သို့သော် အန်းရှသည်တော့ သူ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်လေသည်။

"မိန်းကလေးအန်းရှ... ပြဿနာတစ်ခုခု ရှိနေလို့လား..."

"အာ... ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့... ကျွန်မနဲ့ မသင့်တော်ဘူး ထင်လို့ပါ..."

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now