Part 86

4.7K 397 1
                                    

86 01

အပိုင်း (၈၆)

"မဟုတ်သေးပါဘူး... ကျောင်းအလှလေးက ဘယ်လိုဖြစ်ပြီး သာမှန်အတိုင်းပဲ ဖြစ်နေရတာလဲ..."

"ကျောင်းအလှလေးက လွန်ခဲ့တဲ့ နှစ်တွေတုန်းက အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့တာ မဟုတ်လား..."

"နေပါဦး... ငါတို့ရဲ့ ကျောင်းအလှလေးက အရင်တုန်းက ဒီအတိုင်းပဲလား။ သူမက ငါသိထားတဲ့ပုံစံနဲ့ နည်းနည်းလေးကွဲနေတယ်လို့ ငါ ခံစားနေရသလိုပဲနော်..."

တံခါးဝတွင် ပေါ်ပေါက်လာသော မိန်းကလေးကို မြင်လိုက်ရသောအခါ အားလုံးသည် အံ့အားသင့်စွာ ပြောဆိုနေကြလေသည်။

တံခါးမှ ဝင်ရောက်လာသော ထိုမိန်းကလေးသည် သာမန်ဖြစ်နေလွန်းလေသည်။

သူမသည် သူတို့၏ မှတ်ဉာဏ်ထဲတွင်ရှိနေသော ငယ်ရွယ်နုပျိုပြီး လှပချောမောနေကာ ထူးခြားသော ကျောင်းအလှလေးတစ်ယောက်ပုံစံ ဟုတ်မနေချေ။

အမျိုးသမီးတစ်ယောက်သည် ဘဝတွင် ဆယ့်ရှစ်ကြိမ် ပြောင်းလဲသည်တိုသည်မှာ သေချာသောအချက် ဖြစ်နေတော့သည်။

လူတစ်ဦးသည် ကောင်းကောင်းမွန်မွန် မနေထိုင်ရလျှင် သူတို့၏ ရုပ်ဆင်းသွင်ပြင်များသည်လည်း ပြောင်းလဲသွားနိုင်လေသည်။

အားလုံးသည် သူတို့၏ကျောင်း​အလှလေးမှာ များစွာ ပြောင်းလဲသွားပြီဟု ခံစားနေရချိန်တွင် ထို ကျောင်းအလှလေးဆိုသူ မိန်းကလေးသည် ပြောဆိုလာလေသည်။ "အိုး... တောင်းပန်ပါတယ်။ ကျွန်မ နေရာမှားပြီး ဝင်လာခဲ့မိပြီ..."

ထိုမိန်းကလေးသည် ရှက်သွေးဖျာသွား၍ ပြန်လည် ထွက်ခွာသွားလေသည်။

ထိုအမျိုးသမီးသည် ရုတ်တရက်ပေါ်ပေါက်လာ၍ ပြန်လည် ပျောက်ကွယ်သွားသောကြောင့် လူတိုင်းသည် အနည်းငယ် စိတ်ပျက်သွားလေသည်။

သူမသည် သူတို့အားလုံး စောင့်မျှော်နေကြသော ကျောင်းအလှလေး မဟုတ်ခဲ့ပေ။ ထိုသို့သာဆိုလျှင် သူတို့၏ ကျောင်းအလှလေးမှာ..

အံ့သြမှုများ မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသောသူများသည် ဧည့်ခန်းတံခါးကို အပြင်ဘက်မှ တွန်းဖွင်လိုက်သံကို တစ်ဖန် ကြားလိုက်ရပြန်လေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now