အပိုင်း (၁၂၆)
သို့သော်သူသည် မျက်နှာပူမိသောကြောင့်သူ၏စကားလုံးများကို ပြင်လိုက်လေသည်။ "ဒါပေမဲ့ မင်းဖြေရှင်းချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ငါမင်းအတွက် လူတစ်ယောက်ကို အကောင့်ဖွင့်ခိုင်းလိုက်မယ်။ အဲဒီမှာ မင်းဖြေရှင်းလို့ရတာပေါ့.. "
အန်းရှသည် ပျော်ရွှင်စွာ ပြုံးလိုက်၍ ပြောလိုက်လေသည်။ "ကျေးဇူးပါ ဟော်စစ်... ရှင်က တင်ကာဘဲလ်လိုပဲ။ ဘာမဆိုလုပ်နိုင်တာပဲနော်..."
အန်းရှသည် ထိုစကားများကို သာမန်ကဲ့သို့သာ ပြောလိုက်သော်လည်း ဖုန်း၏အခြားတစ်ဖက်မှသူ၏ နှလုံးခုန်သံများမှာတော့ မြန်သွားရတော့သည်။
"မင်းသာ ပျော်ရွှင်ရမယ်ဆိုရင်တော့..."
ဖုန်းချပြီးနောက်မကြာခင်တွင် အင်တာနက်ပေါ်တွင် အန်းဆိုသောအမည်ဖြင့် အကောင့်တစ်ခု ပေါ်လာတော့သည်။
ထို့အပြင် ထိုအကောင့်သည် အန်းရှတွေးထားသည့်အတိုင်း အစီအစဉ်အဖွဲ့အတွက် ဖြေရှင်းချက်များ ပို့ပေးထားလေသည်။
အန်း၏အကောင့် ပေါ်လာသောအခါ အချို့ပရိသတ်များသည် အစီအစဉ်အဖွဲ့အား တိုက်ခိုက်ကြသော်လည်း အများစုမှာတော့ ကျေနပ်သွားကြလေသည်။
အစီအစဉ်အဖွဲ့သားများအား တိုက်ခိုက်နေကြသော အင်တာနက်သုံးစွဲသူများသည် များစွာ လျော့နည်းသွားတော့သည်။
ထို့အပြင် အင်တာနက်ပေါ်တွင် အလွန်နာမည်ကြီးနေသော သတင်းတစ်ပုဒ်ကြောင့် လူများသည် အန်း၏ ပြိုင်ပွဲမှ နှုတ်ထွက်သွားသည့်အကြောင်းအား အာရုံစိုက်ရန် အင်အားမရှိတော့ချေ။
အင်တာနက် သုံးစွဲသူများအားလုံးသည် နာမည်ကြီး သတင်းတစ်ပုဒ်ကြောင့် အန်းအား မေ့သွားတော့သည်။
[အသက်အငယ်ဆုံးမင်းသားလေး ဟော်စစ်က အနုပညာလောကကနေ ထွက်တော့မည်...]
[မင်းသားဟော်စစ်သည် စာချုပ်သက်တမ်း ပြည့်သွားသောအခါတွင် နောက်ထပ်စာချုပ် ထပ်မချုပ်တော့မည် မဟုတ်...]
[ရုပ်ရည် ချောမောခန့်ညားသော မင်းသားဟော်စစ်သည် အအောင်မြင်နေဆုံး အချိန်ကာလတွင် အနုပညာလောကထဲမှ နှုတ်ထွက်တော့မည် ဖြစ်လေသည်...]
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်