69 01
"အပိုင်း (၆၉)"
"မော့... မော့ယွီစန်းလား..."
အန်းရှ၏မျက်ဝန်းများသည် ပြူးကျယ်သွား၍ သူမအနေဖြင့် မေ့လုနီးနီးဖြစ်နေသော နာမည်တစ်ခုကို ပြောလိုက်လေသည်။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် သူမသည် ဤဇာတ်လမ်း၏ အဓိကဇာတ်ဆောင်ဖြစ်သော မော့ယွီစန်းနှင့် ကွာရှင်းလိုက်ကတည်းက သူနှင့် ပတ်သက်စရာအကြောင်း မရှိတော့ဘူးဟု ထင်ထားခဲ့ခြင်း ဖြစ်လေသည်။
သူမကို သေစေချင်နေလောက်သော သူသည် သူမကို အမှန်တကယ် ဖုန်းခေါ်ခဲ့လေသည်။
အန်းရှသည် တုန်လှုပ်သွားလေသည်။
"ဟုတ်ကဲ့..."
"ရှင် ဘာဖြစ်လို့ ကျွန်မကို ဖုန်းခေါ်ရတာလဲ..."
ထိုသူ၏ အေးစက်နေသောလေသံကို ကြားလိုက်ရသဖြင့် အန်းရှသည် မသိလိုက်ဘာသာဖြင့် တံတွေးပင် မျိုချမိလေသည်။
ထိုသူသည် သူမကို အလွန်အမင်း မုန်းတီးနေသည် မဟုတ်လား။
သူနှင့် အမျိုးသမီးဇာတ်ဆောင်သည် ယခုအချိန်တွင် ချစ်ခင်မြတ်နိုးနေကြပြီဖြစ်၍ သူမကိုပင် ဂရုစိုက်ချိန် မရှိရတော့မည် ဖြစ်လေသည်။
ထိုသူသည် ဘာကြောင့်များ သူမထံသို့ ဖုန်းခေါ်ဆိုခဲ့ရသနည်း။
အန်းရှသည် ကြောက်ရွံ့မှုကြောင့် စိတ်ထဲတွင် အော်ဟစ်နေမိပြီး ဖုန်းကိုပင် ပိတ်လိုက်ချင်မိတော့သည်။
သို့သော် မော့ယွီစန်းသည် သူမကို ငွေကြေးများ ထောက်ပံ့ပေးနေသူ ဖြစ်သောကြောင့် သူမအနေဖြင့် ရိုင်းစိုင်းစွာပြုမူရန် မသင့်တော်ချေ။
"အန်းရှ... မင်း ကွာရှင်းပြီးနောက်ပိုင်း မေ့ာကျားရှုအကြောင်းကို တစ်ခါမှ မတွေးမိဘူးလား..."
"ဘာပြောလိုက်တယ်..."
မော့ယွီစန်း၏ မေးခွန်းများကို ကြားလိုက်ရသောအခါ အန်းရှသည် အံ့သြသွားလေသည်။
"ငါတို့က ကွာရှင်းလိုက်ပေမဲ့လည်း မော့ကျားရှုက မင်းရဲ့သားပဲလေ..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်