အပိုင်း (၁၄၁)
မြို့ပေါ်မှ ထွက်ခွာသွားသော မော့ယွီစန်းနှင့် ရှဟယ်ပြည်နယ်မှ ပြန်ရောက်လာသော မော့ယွီစန်းသည် လုံးဝပင် ကွာခြားနေတော့သည်။
အထူးသဖြင့် ထောင်ကျစ်ရှင်းနှင့် ပြောဆိုဆက်ဆံရာတွင် ဖြစ်လေသည်။
မူလက သူ့အနေဖြင့် မြို့ပေါ်မှ ထွက်ခွာသွားစဉ်တွင် သူသည် ထောင်ကျစ်ရှင်းအား သနားကြင်နာကာ သူမအား အပြည့်အဝ ယုံကြည်ထားလေသည်။
သို့သော် သူသည် ရှဟယ်ပြည်နယ်သို့ ရောက်ရှိသွားကာ ဆော့စ်အား အရသာခံပြီးသောအခါ သူ၏ နှလုံးသားထဲတွင် များစွာ တုန်လှုပ်မိတော့သည်။
သူသည် ထောင်ကျစ်ရှင်းမှာ သူ့အား လုံးဝ မလိမ်ညာသူဖြစ်ကာ သူ့အပေါ်တွက် မလှည့်စားသူဖြစ်ကာ အမြဲတမ်းလည်း ကြင်နာတတ်သူဟု ထင်ထားခဲ့လေသည်။ သို့သော် ယခုအချိန်တွင်တော့ သူမသည် သူထင်ထားသကဲ့သို့ ဟုတ်ပုံမရတော့ချေ။
အမှန်တကယ်တွင် သူသည် စားချင်စိတ်အာသီသ ပြင်းပြလွန်းသူ မဟုတ်ပေ။ သူသည် ထောင်ကျစ်ရှင်းချက်ပေးသော အစားအစာများမှာ မည်သည့်အရသာပင် ဖြစ်နေစေကာမူ ဂရုမစိုက်ပေ။ သူသည် သူမ ချက်ပြုတ်ပေးမှုများကိုသာ တန်ဖိုးထားချင်သူ ဖြစ်လေသည်။
ထို့ကြောင့် မော့ယွီစန်းသည် ထောင်ကျစ်ရှင်းမှာသူ့အား လှည့်စားမှုအပေါ်တွင် များစွာ ဂရုစိုက်နေခြင်း ဖြစ်လေသည်။
ကားထဲမှထွက်လိုက်ပြီးနောက်တွင် မော့ယွီစန်းသည် သူ၏ စံအိမ်ကြီးထဲသိူ့ တော်တော်ကလေး ပင်ပန်းစွာဖြင့် ဝင်သွားလေတော့သည်။
သူသည် မီးဖိုချောက်ဘက်မှ ထွက်ပေါ်လာသော လှုပ်ရှားသံအချို့ကို ကြားလိုက်ရလေသည်။
"စကားပြောသံများလား..."
မော့ယွီစန်းသည် မီးဖိုချောင်ထဲသို့ မဝင်ရောက်ရသေးခင်တွင် အသီးအရွက်များအား လှီးဖြတ်နေသံများအား ကြားလိုက်ရလေသည်။
မော့ယွီစန်းသည် မျက်မှောက်ကြုပ်ကာ သူ၏လက်အား ပင့်မြှောက်လိုက်လေသည်။ သူသည် လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသော ရွှေရောင် လက်ပတ်နာရီအား ကြည့်လိုက်လေသည်။ အချိန်မှာ ညဆယ်နညရီပင် ဖြစ်နေလေပြီ။ ထိုအချိန်သည် တစ်စုံတစ်ဦးအဖို့ ချက်ပြုတ်ရန် နောက်ကျနေပြီ ဖြစ်လေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်