အပိုင်း (၁၁၆)
မော့ကျားရှုသည် ခေါင်းမော့ကာ မော့ယွီစန်းအား မော့ကြည့်လိုက်လေသည်။ သူ၏စိတ်ထဲတွင် အနည်းငယ် ရယ်ချင်နေလေသည်။"အမေ့ရဲ့အိမ်က သားရဲ့အိမ်ပေါ့..."
သူသည် ငယ်သည် ဖြစ်စေ၊ ကြီးသည်ဖြစ်စေ
ရေးမပါလှပေ။ သူသည် ထောင်ကျစ်အား အလွန်ယုံကြည်ကာ အန်းရှအား မုန်းတီးနေလေသည်။
သူ့အဖို့ ထောင်ကျစ်ရှင်းသည် ကြင်နာ၍ အပြစ်ကင်းစင်ကာ၊ အန်းရှသည် အကြံအစည်ကြီးမား၍ အကျင့်မကောင်းသူပင် ဖြစ်လေသည်။
ထို့အပြင် သူမသည် ထောင်ကျစ်ရှင်း၏ လက်ထဲတွင် ဆိုးဝါး၍ ရမည် မဟုတ်ပေ။
သူသည် စကားနားမထောင်သော သားဖြစ်သူကြောင့် အနည်းငယ် ပထမဦးဆုံးအကြိမ်အဖြစ် ဒေါသထွက်နေလေသည်။ "သူမက ဘယ်လိုအမေမျိုးလဲကွာ..."
သူ၏ အန်းရှအားကြည့်လိုက်သော အကြည့်များသည်ယခင်နှင့် မတူတော့ကာ သူစိမ်းဆန်နေတော့သည်။
သူသည် ထိုသို့ အကြံအစည်များလှသော မိန်းမထံတွင် သားဖြစ်သူအား စောင့်ရှောက်ခွင့် ပြုမည်မဟုတ်ပေ။ ထို့အပြင် သားဖြစ်သူအား ယခုပုံစံဖြစ်လာအောင် ထိုမိန်းမအား ခြယ်လှယ်ခွင့်ပြုမည် မဟုတ်ပေ။
"ဟေး... သူဋ္ဌေးမော့... ရှင်ပြောလို့ ပြီးပြီလား။ ကျွန်မ စိတ်ရှည်ရှည်ထားနေရတာ တော်တော်ကြာနေပြီ..."
အန်းရှသည် ထိုမြင်ကွင်းအား အေးစက်စွာ ကြည့်နေပြီးနောက်တွင် ယခုကဲ့သို့ ပြောလိုက်မိလေသည်။
"သူက ရှင့်တစ်ယောက်ထဲရဲ့ ကလေးမဟုတ်ဘူးနော်။ ကျွန်မတို့ ကွာရှင်းထားပေမဲ့ ကျွန်မကလည်း သူ့ရဲ့ အမေပါပဲ။ ရှင်ကြိုက်ကြိုက် မကြိုက်ကြိုက်ပေါ့။ ကျွန်မရဲ့ မိဘတွေက သူ့ရဲ့ အဘိုး အဘွားတွေပဲ။ ကျွန်မတို့က သွေးသားတော်စပ်တာပဲလေ..." သူမသည် မော့ယွီစန်းအား လေးနက်စွာ ပြောဆိုလိုက်လေသည်။
"ပြီးတော့ ကျွန်မရဲ့အိမ်က သူ့ရဲ့အိမ်ပဲ။ အဲဒီတော့ ကျွန်မက သူ့ကို လာကြိုခွင့်ရှိပြီး သူ့ရဲ့ အဘိုး အဘွားတွေနဲ့ ပေးတွေ့ခွင့် ရှိတယ်..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်