Part 130

2.4K 178 1
                                    


အပိုင်း (၁၃၀)

သူတို့သည် ကြော်ငြာခြင်းများတောင် မပြုလုပ်ရသေးသော်လည်း လူထု၏ အမြင်ရှေ့မှောက်သို့ ရောက်ရှိလာကာ အရသာရှိသည်ဟု အားလုံးက သတ်မှတ်ထားကြတော့သည်။

ထိုကဲ့သို့ တောင်းဆိုမှု များပြားလာသောအခါ အစိုးရဌာနသည် အင်အားစိုက်ထုတ်၍ အန်းရှ၏ စက်ရုံအား တက်နိုင်သရွေ့အလျင်အမြန် တည်ဆောက်တော့မည် ဖြစ်လေသည်။

.....

"ယွီစန်း..."

"ကျစ်ရှင်း... မင်းဘာဖြစ်လို့ ဒီကိုရောက်နေရတာလဲ..."

ရုံး၌ အလုပ်လုပ်နေသော မော့ယွီစန်းသည် ခေါင်းမော့ကြည့်လိုက်သောအခါ ထမင်းဘူးကိုင်ထားသော ထောင်ကျစ်ရှင်းအား မြင်လိုက်ရလေသည်။

"ကျွန်မရှင့်အတွက် စားစရာ ဝယ်လာခဲ့တာ။ ရှင်က အလုပ်များနေရင် စားဖို့တောင် သတိမရဘူးဆိုတာ သိတယ်လေ..."

ထိုသို့ ပြောလိုက်ရင်းဖြင့် ထောင်ကျစ်ရှင်းသည် မော့ယွီစန်း၏ ဘေးနားသို့ လျှောက်လာကာ ထမင်းဘူးအား စားပွဲပေါ်သို့တင်၍ ဖွင့်လိုက်လေသည်။

ထိုအခါ ထမင်းဘူးမှ မွှေးရနံသည် ရုံးခန်းအတွင်းသို့ ပျံ့နှံ့သွားတော့သည်။

ထိုသို့ မွှေးရနံ့လေးကြောင့် မော့ယွီစန်းသည် မိမိကိုယ်ကို ဗိုက်ဆာနေကြောင်း သိလိုက်ရလေသည်။

ထို့ကြောင့်သူသည် လုပ်လက်စအလုပ်များအား ချထားလိုက်ကာ မျက်ခုံးများအား ပွတ်လိုက်၍ လက်ဆေးရန် ထွက်ခွာလာခဲ့လေသည်။

သူပြန်ရောက်လာသောအခါ ထောင်ကျစ်ရှင်းသည် စားစရာများနှင့် တူကိုပါ ပြင်ဆင်ပြီး ဖြစ်လေသည်။

"မင်းရော စားပြီးပြီလား..."

စားစရာများအား ကြည့်လိုက်ပြီးနောက် မော့ယွီစန်းသည် ထောင်ကျစ်ရှင်းအား ကြည့်လိုက်လေသည်။

ထောင်ကျစ်ရှင်းသည် ပြုံးပြ၍ ညင်သာစွာ ပြောလိုက်လေသည်။ "ကျွန်မလည်း ရှင်နဲ့အတူ စားချင်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ကလေးတွေက ဆူညံလွန်းတယ်။ ကျွန်မ သူတို့နဲ့ အတူမစားဘူးဆိုရင် သူတို့ဂျီကျပြီး အတူစားဖို့ ပြောကြလိမ့်မယ်။ ရှင်အခုတလော အလုပ်များနေတာကို သိပါတယ်။ ကျွန်မရဲ့ ကလေးနှစ်ယောက်ကြောင့် ရှင့်ကို အနှောင့်အယှက် မဖြစ်စေချင်ဘူး။ သူတို့ကို အရင်စားဖို့ ချော့ပြောထားရတယ်..."

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now