အပိုင်း (၁၄၉)
အန်းကော်ဟွားသည် အလွန်ပင် ရှက်ရွံမိသွားလေသည်။
သူသည် အမြဲတန်း ဖြောင့်မှန်စွာ နေလာခဲ့သူဖြစ်ကာ အခြားသူများအား တစ်ခါမျှ အခွင့်အရေး မယူဖူးခဲ့ချေ။
ထို့အပြင် အန်းချောင်ရှုန်းသည် သူ၏တစ်ဦးတည်းသော ညီလေးဖြစ်ကာ သူသည် အစ်ကိုဖြစ်သူအပေါ်တွင် အရေးထားသူဖြစ်လေသည်။
သူ၏ညီငယ်သည် အလုပ်ကြိုးစားကာကတိတည်သူဖြစ်သောကြောင့် အခြားသူများထက် ပျော်ရွှင်ရလေသည်။
ထို့ကြောင့်သူသည် အန်းမိသားစုမှာ ကြီးပွားချမ်းသာသွား၍ ဤနယ်မြို့လေးတွင်လည်း သူကိုယ်တိုင်ဦးစီးသော တည်းခိုအိမ် ရှိနေကြောင်းကို သိသည်ဆိုလျှင်တောင် ထိုကဲ့သို့ မဖြောင့်မှန်သော အတွေးမျိုးအား မတွေးတောဖူးချေ။
သူသည် ဇနီးဖြစ်သူ၏ ပင်ကိုယ်စရိုက်အား ကောင်းစွာသိလေသည်။ ထို့ကြောင့် သူသည် ထိုနာမည်ကြီးလှသော တည်းခိုအိမ်ကို ဦးစီးနေသူမှာ ညီငယ်ဖြစ်ကြောင်းအား ဇနီးဖြစ်သူကို ပြောမပြခြင်း ဖြစ်လေသည်။
သူသည် ဇနီးဖြစ်သူမှာ အန်းရှ၏ ကြွယ်ဝချမ်းသာမှုအား သိသွားလိမ့်မည်ဟု မထင်မှတ်ထားမိချေ။
ထို့အပြင် သူမသည် ဆက်ဆံရေး တည်ဆောက်ရန်အတွက် မိသားစုအား ခေါ်ဆောင်လာခဲ့လေသည်။
သူသည် ယခုအချိန်တွင် နောင်တရနေပြီ ဖြစ်လေသည်။
သူသည် ဇနီးနှင့်သမီးမှာ တည်းခိုအိမ်သို့သွားရောက်ရန် သူ့အား ခေါ်ခြင်းအပေါ်တွင် မဆန့်ကျင်မိခဲ့သောကြောင့် ဖြစ်လေသည်။
"ကော်ဟွား... ကျွန်မက ရုံရုံရဲ့အန်တီလေ။ ကျွန်က ဘာဖြစ်လို့ စိတ်မပူရမှာလဲ။ ပြီးတော့ ရှင်တို့ ပိုက်ဆံမရှိတုန်းကလဲ။ မနက်စာဆိုင်ဖွင့်ဖို့ ယွမ် သုံးသောင်း ပေးခဲ့တယ်လေ။ ကျွန်မတို့ကြောင့်သာ မဟုတ်ဘူးဆိုရင် ရှင်တို့ ရှင်သန်နိုင်ကြပါ့မလား။ ရှရှကလည်း မြို့ပေါ်က တက္ကသိုလ်မှာ တက်ခွင့်ရပြီး မြို့သားနဲ့ လက်ထပ်နိုင်ပါ့မလား..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်