အပိုင်း (၃၄)
"ညီမလေးက ဘယ်လိုအိမ်မျိုးကို လိုချင်တာလဲ။ အစ်ကိုက မြို့ပေါ်မှာ အလုပ်လုပ်နေတာဆိုပေမဲ့ အစ်ကိုတို့နယ်မှာရှိတဲ့ အိမ်ခြံမြေဈေးကွက်အကြောင်းကို အားလုံးနီးပါးသိတယ်။ ညီမလေးကြိုက်တဲ့ အိမ်ပုံစံမျိုးကို ပြောပြလေ။ အစ်ကို ရှာထားပေးမယ်"
"ညီမကြိုက်တာက...စိမ်းစိမ်းစိုစို ပတ်ဝန်းကျင်မျိုးကို သဘောကျတာ။ လေကောင်းလေသန့်ရတဲ့ သဘာဝ ပတ်ဝန်းကျင်မျိုးကို လိုချင်တာ။ အရေးအကြီးဆုံးကတော့ လူကြီးတွေနဲ့ သင့်တော်မဲ့ နေရာမျိုးပေါ့"
အန်းရှ၏ တောင်းဆိုမှုများကို နားထောင်ပြီးနောက်တွင် အန်းသုန်သည် အကြောင်းတစ်စုံတစ်ခုကြောင့် ကုမ္ပဏီ၏ ဆောက်လက်စ မပြီးပြတ်သေးသော အဆောက်အအုံများအကြောင်းကို စိတ်ထဲတွင် တွေးမိသွားလေသည်။
သူ၏ညီမ လိုချင်နေသော ပတ်ဝန်းကျင်မျိုးကို သူ သိထားလေသည်။
တိုက်ဆိုင်စွာဖြင့် ထိုဝန်းကျင်ရှိသော အိမ်မျိုးသည် သူတို့မြို့၏ အစွန်အဖျားတွင် တည်ရှိနေလေသည်။
တစ်ခုတည်းသော မကောင်းသည့်အချက်မှာ ထိုအိမ်ဝန်းကျင်တွင် အဆောက်အအုံနှင့် လူနေအိမ် သိပ်မရှိသေးခြင်း ဖြစ်သလို ထိုဒေသသို့ လည်ပတ်သွားလာရန်လည်း အဆင်မပြေသေးချေ။
အရေးကြီးသော အကြောင်းတစ်ချက်မှာ ထိုကုမ္ပဏီသည် ဒေဝါလီခံတော့မည်ဖြစ်ပြီး ဆောက်လုပ်၍လည်း မပြီးသေးသောကြောင့် ဝယ်ယူရန် မဖြစ်နိုင်သေးချေ။
ထို့ကြောင့် ထိုအဆောက်အအုံကို သူ၏ အိမ်ရှာဖွေခြင်း အစီအစဉ်ထဲတွင် မထည့်သွင်းတော့ချေ။
"ညီမလေး...နေ့လယ်ပိုင်းအားရင် အိမ်ရှာဖို့ နာမည်ကြီး အိမ်ခြံမြေကုမ္ပဏီတစ်ခုကို အစ်ကို ခေါ်သွားပေးမယ်"
အန်းရှသည် မျက်လုံးများ ဝင်းလက်သွားလေသည်။
"ကောင်းတယ်...ကောင်းတယ်....အမေ၊ အဖေ၊ အစ်မ...နေ့လယ်ကျရင် အိမ်ကြည့်ဖို့ သွားကြမယ်လေ"
သို့သော်လည်း အန်းရုံသည် အလုပ်သွားရမည်ဖြစ်ပြီး မိဘများသည်လည်း သူတို့၏ ပိတ်ခါးနီဆဲဆဲဖြစ်သော မနက်စာဆိုင်သို့ သွားရမည်ဖြစ်သည်။ ထို့ကြောင့် အလုပ်လက်မဲ့ဖြစ်နေသော အစ်ကိုဖြစ်သူမှလွဲ၍ သူမနှင့်အတူ အိမ်သွားရှာပေးနိုင်သူ တစ်ယောက်မှ မရှိတော့ချေ။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်