အပိုင်း (၁၃၈)
"ကျားရှု ဘယ်သူနဲ့ စကားပြောနေတာလဲ..."
အန်းရှသည် သစ်သီးပန်းကန်နှင့် အခန်းထဲသို့ ဝင်လာသောအခါ မော့ကျားရှုသည် ဖုန်းအားချလိုက်ကာ အိတ်ထဲသို့ ထည့်လိုက်သည်ကို မြင်လိုက်ရလေသည်။
"အဖေနဲ့..."
အန်းရှသည် ခဏမျှကြာအောင် စဉ်းစားလိုက်လေသည်။
"ဒါနဲ့ မင်းအဖေက ဒီကို ရုတ်တရက်ရောက်လာတယ်။ သူဘာဖြစ်လို့ ရောက်လာတာလဲ။ မင်းကိုလာကြိုဖို့ ရောက်လာတာလား..."
ထိုသူသည် မော့ကျားရှုအား လာကြိုရန် ရောက်လာခြင်း ဖြစ်နိုင်လေသည်။
မည်သို့ပင်ဆိုဆို အန်းရှသည်လည်း မိမိကိုယ်ကို အထင်ကြီးသူ မဟုတ်လေသောကြောင့် မော့ယွီစန်းသည် သူမအား လာကြိုခြင်းဟု မထင်မိလေချေ။
"ဟုတ်တယ်။ အဖေက သားကိုလာကြိုဖို့ ရောက်လာခဲ့တာ..."
"ဒါပေမဲ့ သားနည်းနည်း စိတ်ရှုပ်နေတယ်..."
ထိုစကားသည် အန်းရှအား အံ့သြသွားစေလေသည်။ သူမသည် သားဖြစ်သူအား သံသယဝင်စွာဖြင့် ကြည့်၍ မေးလိုက်လေသည်။ "ဘာဖြစ်လို့လဲ..."
"သားက ဒီမှာနေပြီးတော့ အမေနဲ့ အဘိုးအဘွားတို့ကို အဖော်ပြုပေးချင်တာ။ သားဒီမှာနေရတာကို ကြိုက်တယ်..." သူသည် နှုတ်ခမ်းထောင့်စွန်းလေးအား ကွေးညွတ်လိုက်ကာ တုံ့ဆိုင်းနေဟန်ရသော အပြုံးတစ်ခါအား လှစ်ဟပြသလိုက်လေသည်။
ထိုအရာကြောင့် အန်းရှသည် ပို၍ပင် သိချင်စိတ် ပြင်းပြသွားရလေသည်။ သူမသည် လက်ထဲမှ သစ်သီးပန်းကန်အား ချထားလိုက်ကာ မော့ကျားရှု၏ဦးခေါင်းအား ညင်သာစွာ ပုတ်ပေးလိုက်လေသည်။
"ဒါဆိုရင် မင်းပြန်ချိန်တဲ့အချိန်မှ ပြန်လိုက်ပေါ့။ အမေ အိမ်ပြန်လိုက်ပို့ပေးမယ်..."
တိုတောင်းသော လပိုင်းအတွင်းတွင်ပင် အန်းရှနှင့် မော့ကျားရှုတို့သည် စိတ်ပိုင်းဆိုင်ရာအရ တွယ်ငြိမှု ဖြစ်သွားကြလေသည်။
သူမသည် မော့ကျားရှုနှင့် ရင်ဆိုင်လိုက်ရသောအခါ ထိုကလေးအား သူမ၏ သွေးသားဆွေမျိုးကဲ့သို့ပင် သဘောထားမိလေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်