အပိုင်း (၆၂)
နှင်းဆီ အစာသွပ်မုန့်ကို သပ်ရပ်ကြော့မော့စွာ စားနေသော ဟော်စစ်ကို ကြည့်ရင်းဖြင့် အန်းရှသည် မပြောပြတတ်လောက်သော ရင်းနှီးနေမှုကို ခံစားလိုက်ရသည်။
ထိုရင်းနှီးသော ခံစားမှုသည် သူမတက်ရောက်ခဲ့သော မျိုးရိုးမြင့်သူတို့သာ တက်ရောက်ကြသော ကျောင်းမှ ဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။
သူမ တက်ရောက်ခဲ့သောကျောင်း၏ အရေးကြီးသော စည်းကမ်းချက်တစ်ခုမှာ ယဉ်ကျေးရည်မွန်မှုပင် ဖြစ်သည်။
ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း၊ စားခြင်း၊ လမ်းလျှောက်ခြင်း... စသည်ဖြင့် မည်သည့်ကိစ္စကို ပြုလုပ်နေစေကာမူ သင့်အနေဖြင့် သပ်ရပ်မှုရှိပြီး ဓလေ့ထုံးတမ်းများကို လိုက်နာခြင်းဖြင့် အဆင့်အတန်း မြင့်မားနေရမည် ဖြစ်လေသည်။
သူမသည် ဤလောကထဲသို့ ဝိညာဉ်ကူးပြောင်းလာသောအခါ သူမ ယခင်နေထိုင်ခဲ့ရာ လောကကြီးကဲ့သို့ တထေရာတည်း မတူစေကာမူ သူမအနေဖြင့် ထိုကျင့်ဝတ်များကို နေ့စဉ်နေ့တိုင်း စံနှုန်းတစ်ခုအဖြစ် လိုက်နာ ကျင့်သုံးနေဆဲဖြစ်လေသည်။
ထိုအလေ့အထများသည် ခိုင်မာစွာ အမြစ်တွယ်သွားပြီး ဖြစ်လေသည်။
သူမသည် ပျင်းရိနေလျှင်တောင် ခါးကို ဖြောင့်ဖြောင့်ထားမိနေဆဲဖြစ်ပြီး သူမ စားသောက်နေသောအခါတွင်လည်း ယခင်လောကမှ ဆရာမ၏ သင်ကြားပြသပေးထားသော နည်းလမ်းများကို အလိုလျောက်ပင် ကျင့်သုံးလိုက်နာ နေတော့သည်။
သို့သော် သူမသည် အင်တာနက်ပေါ်မှတဆင့် ကြားသိထားသည်မှာ ဟော်စစ်သည် ဆင်းရဲသော မိသားစုမှ ဆင်းသက်လာသည် ဟူ၍ပင်။
သူ၏ အနုပညာသည် ပြောင်မြောက် ကောင်းမွန်လှလေသည်။ ထိုသူသည် ထိုကျင့်ဝတ်များကို သရုပ်ဆောင်လုပ်ငန်းအတွက် သင်ယူခဲ့ခြင်းပေလား။
သူမသည် မိမိ၏ပါးများကိုသာ ဆုပ်ကိုင်ထားမိတော့သည်။ သူမသည် လေးလေးနက်နက် တွေးတောနေသောအခါ သူမ၏ မျက်လုံးများသည်လည်း ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ရှုနေမိတော့သည်။
ထိုအချိန်တွင်...
"မင်းဆီမှာ အခြားစားစရာ ဘာရှိသေးလဲ..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်