Part 53

6K 502 2
                                    

"အပိုင်း (၅၃)"

ဖုန်းချလိုက်ပြီးနောက်တွင် အန်းချောင်ရှုန်းသည် အချိန်အတော်ကြာအောင် အသိစိတ် ပြန်မကပ်ဘဲ ရှိနေသေးသည်။

"ယောက်ျား... ဘာကိစ္စလဲ..." အမျိုးသမီးအန်းက မေးလိုက်လေသည်။

သူမ၏ ခင်ပွန်းသည် တစ်စုံတစ်ခုကို တွေးတောနေရင်းဖြင့် အံ့သြနေပုံရသည်။

"လူတစ်ယောက်က သူတို့ရဲ့အစီအစဉ်ကို ရိုက်ကူးဖို့ ရှရှရဲ့ ဥယျာဉ်ကြီးကို ငှားရမ်းချင်တယ်လို့ ပြောတယ်ကွ။ အဲဒါ ငါတို့အတွက် ကောင်းတာပေါ့။ နောက်ပိုင်း ဒီနေရာက နာမည်ကြီးလာပြီးတော့ တည်းခိုအိမ်ဖွင့်လို့တောင် ရတယ်ကွ..."

သူသည် ကျောင်းချန်ပြောလိုက်သော စကားများကို ဇနီးဖြစ်သူထံ ပြန်လည် ပြောပြလိုက်လေသည်။

သူသည် ရသစုံအစီအစဉ်များနှင့် ဇာတ်ညွှန်းဆရာ ဟူသော အဓိပ္ပာယ်ကို မသိရှိသော်လည်း တည်းခိုအိမ် ဖွင့်လှစ်ခြင်းကိုတော့ သိရှိလေသည်။

သူတို့သည် နိုင်ငံအဆင့်မီ နတ်သမီးရေကန်လေး တည်ရှိနေသော မြို့ငယ်လေးထဲတွင် နေထိုင်ကြခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူတို့သည် ဤရေကန်ငယ်လေး၏ အနီးအနားတွင် နေထိုင်ကြသော လူများသည် တည်းခိုအိမ်များဖွင့်လှစ်၍ ဝင်ငွေရှာကြခြင်းကိုလည်း သိရှိကြလေသည်။

ရှဟယ်မြို့တွင် တည်ရှိနေသော နတ်သမီးရေကန်၏ အနီးရှိ ကျေးရွာငယ်လေးများသည်တော့ တည်းခိုအိမ်များ ဖွင့်လှစ်ကြရန် မတွေးတောကြချေ။

ဖွင့်ခဲ့သည်ဆိုလျှင် သူတို့သည် ငွေးကြေးဆုံးရှုံးမှုများသာ ဖြစ်နိုင်သောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် ရှဟယ်မြို့မှလူများသည် တည်းခိုအိမ်ဖွင့်လှစ်ရန် တုံ့ဆိုင်းနေကြလေသည်။

မူလတွင် ကျောင်းချန်သည် အန်းမိသားစုအနေဖြင့် ငွေကြေးလိုအပ်ခြင်း မရှိဘူး ဟူ၍သာ သိရှိထားလေသည်။ ထို့ကြောင့် သူသည် တည်းခိုအိမ်ဖွင့်လှစ်ရန်ဟူသော အကြောင်းပြချက်ကို အသုံးချ၍ အန်းချောင်ရှုန်းကို ဆွဲဆောင်ရန်တော့ မတွေးမိလိုက်ချေ။

သို့သော် သူတို့နှစ်ဦး စကားပြောဆိုနေကြစဉ်တွင် ကျောင်းချန်သည် ပေါင်းသင်းဆက်ဆံရေးတွင် ဆရာကျသူတစ်ဦး ဖြစ်နေသည့်အလျောက် ဥယျာဉ်ပိုင်ရှင် အန်းချောင်ရှုန်းသည် သူထင်ထားသကဲ့သို့ ကြွယ်ဝချမ်းသာလှသူတစ်ဦး မဟုတ်ကြောင်းကို သိရှိသွားလေသည်။ ထို့ကြောင့် သူသည် အန်းချောင်ရှုန်းကို သာမန်သူတစ်ဦးဟူ၍သာ ခံစားမိလေတော့သည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now