96 01
အပိုင်း (၉၆)
သူမ၏ ရုပ်ဆင်းသွင်ပြင်သည် များစွာ ပြောင်းလဲသွားလေသည်။
"ကောင်းပြီ... ဆက်သွားမယ်..."
အန်းရှသည် မသိလိုက်ဘာသာဖြင့် တောက်ပစွာ ပြုံးရယ်ပြလိုက်လေသည်။ "ကျေးဇူးတင်ပါတယ်..."
သူမ၏အပြုံးသည် စတိတ်စင်နောက်ဘက်မှ ဝန်ထမ်းများအား အံ့အားသင့်သွားစေသည်ကိုတော့ သူမ မသိလိုက်ပေ။
အန်းရှသည် သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသော အခါတွင်မှ သူတို့သည် အသိစိတ် ပြန်ကပ်သွားတော့ငည်။ "အန်းက လှလိုက်တာနော်..."
"ဒါပေမဲ့ သူမက တစ်ယောက်ယောက်ကို စော်ကားပြုမူခဲ့တယ်လို့ ငါကြားထားတယ်..."
"အဲဒီလောက်တော့ မဆိုးနိုင်ပါဘူး။ သူ့ရဲ့ ချောမောလှပတဲ့ ပုံစံလေးနဲ့ဆိုရင် ဘာမှမသိရင်တောင် နာမည်ကြီးမှာပဲ..."
"ဟုတ်တယ်။ အနုပညာနယ်ပယ်ထဲမှာ အန်းလို အလှလေးမျိုးက တော်တော်ရှားတယ်။ သူမလိုမျိုး ချောမောလှပပြီး ရေပန်းစားတဲ့သူမျိုးပေါ့..."
"ဒါပေမဲ့ အန်းရဲ့ပုံစံကို ကြည့်ရတာတော့ ရိုင်းစိုင်းမဲ့ပုံမပေါ်ကပါဘူး။ သူမကို ကြည့်ရတာ နူးညံ့တဲ့ပုံစံလေးပါ..."
"သူမက ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တာပဲ။ တကယ်တော့ သူမကိုကြည့်ရတာ နည်းနည်းတော့ ရန်လိုမဲ့ပုံစံမျိုးပဲ..."
စင်ပေါ်သို့ အာရုံစူးစိုက်မှုအပြည့်ဖြင့် လျှောက်လှမ်းသွားသော အန်းရှသည် လူပေါင်းများစွာ၏ သူမနှင့်ပတ်သက်၍ အတင်းအဖျင်း ပြောဆိုနေမှုများကို မသိရှိခဲ့ချေ။
သူမသည် ဂရုတစိုက်ဖြင့် စင်ပေါ်မှ အစီအစဉ်မှူး၏ ပြောဆိုနေမှုများကို နားထောင်နေလေသည်။ ထို့နောက် စင်ပေါ်တွင် လက်ခုပ်သံများနှင့် ချီးကျူးသြဘာပေးသံများကို ကြားလိုက်ရလေသည်။ ထို့ကြောင့် အစီအစဉ်မှူးသည်လည်း စင်ပေါ်တွင် ရှိနေမည် ဖြစ်လေသည်။
"ပြိုင်ပွဲဝင်တစ်ယောက် ပျောက်နေတဲ့အကြောင်းနဲ့ပတ်သက်ပြီး လူတိုင်း ပဟေဠိဖြစ်နေကြမယ်ဆိုတာကို ကျွန်တော်သိပါတယ်..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်