Part 146

1.5K 129 0
                                    


အပိုင်း (၁၄၆)

"ဟော်စစ် ရှင်ဘာဖြစ်လို့ ထပ်ပြီးတော့ လိမ်လိုက်ရတာလဲ။ ရှင်ပြောတော့ ချောင်ယွီရဲ့ပြဿနာကို ဖြေရှင်းပြီးရင် အမေတို့ကို အမှန်အတိုင်း ပြောပြမယ်ဆို..."

အန်းရှသည် ဟော်စစ်အား စိတ်ရှုပ်ထွေးနေသော မျက်ဝန်းများနှင့် ကြည့်လိုက်လေသည်။

ဟော်စစ်သည် အန်းရှအား တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ရှရှ အဲဒီလူက မင်းရဲ့အိမ်မှာ တည်းခိုနေတယ်လေ။ အဲဒါက သူလက်မလျှော့သေးဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။ ငါတို့အခုအချိန်မှာသာ ဖွင့်ပြောလိုက်မယ်ဆိုရင် ငါတို့အရင်က ကြိုးစားထားခဲ့သမျှတွေက ပျက်စီးသွားမှာပေါ့..."

အနိးရှသည် ဟော်စစ်အား သံသယဝင်စွာ စိုက်ကြည့်လိုက်လေသည်။ "တကယ်လား ဒါဆိုရင် ကျွန်မဘာဖြစ်လို့ ရှင်အခုအချိန်ရောက်လာကတည်းက တစ်ခုခု မူမမှန်ဖြစ်နေတယ်လို့ ခံစားနေရတာလဲမသိဘူး..."

အန်းရှသည် အကြောင်းအရင်းအား မသိသော်လည်း ဟော်စစ်သည် တစ်နည်းနည်းဖြင့် ရန်လိုနေသည်ဟု ခံစားနေရလေသည်။

အခြေအနေသည် အနည်းငယ်ထူးဆန်းနေကာ သူမသည် စိတ်မသက်မသာဖြစ်မှုအား ခံစားနေရလေသည်။

"ဟေး အဲဒါက ငါ့ရဲ့ကုမ္ပဏီက အခြေအနေ မကောင်းသေးလို့ဖြစ်မှာပါ..."

ဟော်စစ်သည် အန်းရှမှာ သူ၏အမျိုးမျိုးသော တွန်းအားပေးဟန်ရသော အပြုအမူများကြောင့် အန်းရှမှာ သံသယဝင်သွားသည်ကို သိရှိလေသည်။

ယခုအချိန်သည် အန်းရှအား သူ့၏ ခံစားချက်အစစ်အမှန်များအား ဖော်ထုတ်ပြသရန် အချိန်ကောင်း မဟုတ်သေးပေ။

သူသည် တစ်ခါမျှ မချစ်ဖူးသေးသော်လည်း သူသည် သရုပ်ဆောင်ဖူးလေသည်။ သူသည် အချစ်ဇာတ်ဝင်ခန်းများအား များစွာ သရုပ်မဆောင်ဖူးသော်လည်း ထိုဇာတ်ဝင်ခန်းများအား များစွာ ကြည့်ဖူးလေသောကြောင့် မည်သို့ ချစ်ရမည်ကို သိရှိထားလေသည်။

ဟော်စစ်သည် လက်ရှိအန်းရှ၏ အနေအထားမှာ တစ်စုံတစ်ဦးနှင့် ချစ်ရန် စိတ်ကူးမရှိကြောင်းကို သိရှိလေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now