Part 112

2.1K 180 0
                                    


အပိုင်း (၁၁၂)

ပုံမှန်အားဖြင့်ဆိုလျှင် ချန်ရွှယ်မင်သည် ထိုနေရာများသို့ သွားရခြင်းကို မနှစ်သက်ပေ။

ထိုနေရာသည် ဈေးကြီးလှ၍ ရွေးချယ်စရာလည်း များစွာမရှိပေ။

ထို့ကြောင့် အစားအသောက်နှစ်သက်သူ မဟုတ်သော ချန်ရွှယ်မင်ကဲ့သို့သော လူအဖို့ များစွာ သဘောကျခြင်းမျိုး မရှိပေ။

"ကြည့်ရတာ စားဖိုမှူးရဲ့ အချက်အပြုတ်စွမ်းရည်က အရမ်းကို ကောင်းမဲ့ပုံပဲနော်..."

အစားအသောက် နှစ်သက်သူ အန်းရှသည် များစွာ မျှော်လင့်နေလေသည်။

ထို့အပြင် အန်းရှ၏ မျှော်လင့်ချက်များသည် အချည်းနှီး ဖြစ်မသွားချေ။

လှပပြီး အရသာရှိလှသော ဟင်းပွဲများသည် စားပွဲပေါ်သို့ ရောက်ရှိလာသောအခါ အန်းရှသည် ထိုဟင်းလျာများမှာ သူမ၏ လျှာ​ပေါ်တွင် ကခုန်ပျော်မြူးနေကြသကဲ့သို့ပင် ခံစားလိုက်ရတော့သည်။

ထို့ကြောင့် သူမသည် ထိုဟင်းလျာများအား သူမ၏ စွမ်းရည်များဖြင့် မသိလိုက်ဘာသာ ခွဲခြမ်းစိတ်ဖြာလိုက်မိလေသည်။

"အရသာရှိလိုက်တာ..."

သူမသည် အကယ်၍သာ မြို့ပေါ်တွင်သာ နေထိုင်မည်ဆိုလျှင် ဤစားသောက်ဆိုင်သို့ နေ့စဉ် လာရောက်စားသောက်မည် ဟူ၍ပင် ဆုံးဖြတ်ချက်ချလိုက်လေသည်။

"ဟီးဟီး... နင်ကြိုက်မယ်ဆိုတာ ငါသိသားပဲ။ အဲဒါကြောင့် နင့်ကို ဒီနေရာကို ခေါ်လာတာပေါ့..."

ချန်ရွှယ်မင်သည် သူမ၏ဦးခေါင်းကို ခါယမ်းလိုက်လေသည်။

သူမသည် သူငယ်ချင်းဖြစ်သူမှာ လူဆိုးကောင် မော့ယွီစန်းနှင့် ကွာရှင်းပြီးနောက်တွင် ကလေးတစ်ယောက်နှင့်ပင် တူလာသည်ဟု ထင်မိလေသည်။

အန်းရှသည် အစားအသောက်များကို တစ်ခဏမျှကြာအောင် တိတ်တဆိတ် စားသောက်ပြီးနောက်တွင် သူမသည် ချန်ရွှယ်မင်အား သူမကို ယခင်က အလောတကြီးဖြင့် ရှာဖွေနေရသော အကြောင်းကို စတင်၍ မေးမြန်းလိုက်လေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now