အပိုင်း (၁၀၇)
'ပန်းပွင့်လေးတစ်ပွင့် မွေးဖွားခြင်း' ၏ တတိယပိုင်းကို ထုတ်လွှင့်လိုက်ပြီ ဖြစ်လေသည်။ အဖွဲ့သားများသည် အန်းရှအား အနည်းငယ်သာ ရိုက်ကူးထုတ်လွှင့်ထားသော်လည်း ထိုအရိုင်းဆန်လှသော ဗီလိန်စားဖိုမှူးမလေးသည် လူပေါင်းများစွာ၏ အာရုံစိုက်မှုကို ရရှိထားလေသည်။
ဗီလိန်၏ ထွက်ပေါ်လာမှုသည် လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းလှလေသည်။
သွမ်ချင် ပြောသကဲ့သို့ပင်။ သူမသည် ဇာတ်ပို့ဖြစ်နေသော်လည်း ဇာတ်ဆောင်နေရာကို လုယူထားနိုင်နေလေသည်။
[ဝါး... ဗီလိန်စားဖိုမှူးမလေးက ချစ်ဖို့ကောင်းလိုက်တာ။ သူမရဲ့ မိတ်ကပ်က တော်တော်လေး ကောင်းနေပေမဲ့ သူမက ချစ်ဖို့ကောင်းနေတုန်းပဲလို့ ငါထင်တယ်...]
[မိန်းကလေးအန်းရဲ့ သရုပ်ဆောင်မှုက တိုးတတ်လာဖို့ လိုသေးတယ်လို့ထင်တယ်။ ဒါပေမဲ့ သူမက တော်တော်လေးတော့ တိုးတတ်လာပါပြီ...]
[နံပါတ် ၆၆ ကို သရုပ်ဆောင်ကောင်းတယ်လို့ထင်တာ ငါတစ်ယောက်ထဲပဲလား။ သူမက စားဖိုမှူးနေရာက သရုပ်ဆောင်တာ အရမ်းကောင်းတယ်လို့ ခံစားရတယ်။ သူမက တကယ့် စားဖိုမှူးအတိုင်းပဲနော်။ သူမ ချက်တာကြည့်ရင်း ဗိုက်တောင်ဆာလာပြီ...]
[သူမရဲ့ သရုပ်ဆောင်ချက် က အရမ်းကို ကောင်းတာပဲ။ (ထောက်ခံပါတယ်) ဒါပေမဲ့ ဘာဖြစ်လို့ ဘယ်နည်းပြကမှ သူမရဲ့ သရုပ်ဆောင်မှုအပေါ်မှာ မထောက်ပြကြတာလဲ...]
[အမှန်ပဲ... အထူးဆန်းဆုံးက သူမရဲ့ ဇာတ်ဝင်ခန်းတွေက နည်းနေတာကိုပဲ။ သူမရဲ့ရုပ်ရည်က ပထမတန်းစားဖြစ်ပြီးတော့ သရုပ်ဆောင်တာကလည်း ဆိုးဝါးမနေပါဘူး။ ဒါဆိုရင် ဘာဖြစ်လို့ သူမရဲ့ ဇာတ်ဝင်ခန်းတွေက နည်းနေတာလဲ...]
အန်းချိုးသည် အင်တာနက်ပေါ်မှ ကောမန့်များကို ဖတ်နေကာ ထောက်ခံကြောင်းကိုလည်း ဝင်ရောက် ရေးသားနေလေသည်။
သူသည် ထိုနတ်သမီးလေးအား မဲရရှိစေရေးအတွက် အပြင်းအထန် ကြိုးစားနေလေသည်။
"ဟုတ်တယ်... နံပါတ် ၆၆ အန်းကို မဲပေးကြပါ။ သူမက အံ့ဩဖို့ကောင်းတယ်..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်