အပိုင်း (၁၃၃)
"ဒါက ရှဟယ်မြို့နယ်လား..."
ကားထဲတွင်ထိုင်နေသော မော့ယွီစန်းသည် ပြတင်းပေါက်အပြင်ဘက်မှ မြင်ကွင်းများကို မြင်လိုက်ရသောအခါ မျက်မှောက်ကြုပ်လိုက်လေသည်။
ထိုကဲ့သို့ ပျက်စီးယိုယွင်းနေသော မြို့နယ်လေးထဲတွင် ခရီးသွားများ၏ တန်ဖိုးအနေအထား ရှိနိုင်မည်တဲ့လား။
"ယွီစန်း ရှဟယ်မြို့နယ်က သာမန်ပဲလို့ မင်းထင်ကောင်းထင်လိမ့်မယ်။ ဒါပေမဲ့ အဆင့်မှီ နတ်သမီးရေကန်က ရှုခင်းအရမ်းလှတယ်။ အထူးသဖြင့် အန်းမိသားစုကဖွင့်ထားတဲ့ တည်းခိုအိမ်ပဲပေါ့။ သူ့ရဲ့ ရှုခင်းက နတ်သမီးရေကန်ထက်တောင် ပိုလှသေးတယ်။
ချောင်ယွီနှင့် မော့ယွီစန်းမှာ အတူသွားရန် အဆင်မပြေနိုင်သောကြောင့် ချီလိသည် အားလပ်ရက်ယူလိုက်ရလေသည်။
သူသည် ထိုသူနှစ်ဦးနှင့် အတူသွားရန်ဆုံးဖြတ်လိုက်ကာ အားလပ်ရက်အဖြစ် သဘောထားလိုက်ရလေသည်။
သို့သော် ချောင်ယွီနှင့် မော့ယွီစန်းသည် အန်းရှထံသို့ အတူတကွ သွားရောက်ကြခြင်းမဟုတ်ပေ။
ထိုအရာသည် မျက်နှာပူဖွယ်ကောင်းလှသည်ဟု ခံစားမိသောကြောင့် မော့ယွီစန်းသည် ထိုကိစ္စအား ထပ်မံ၍ မစဉ်းစားတော့ပေ။ ချောင်ယွီသည်လည်း ထိုကိစ္စအား ထူးဆန်းသည်ဟုခံစားရသောကြောင့် သူတို့နှစ်ဦးသည် နောက်ဆုံးတွင် မတွေ့ဖြစ်ကြတော့ချေ။
သူတို့သည် ကိုယ့်အစီအစဉ်နှင့်ကိုယ် သွားရောက်ကြခြင်း ဖြစ်လေသည်။
သူသည် မော့ယွီစန်းမှာ သားဖြစ်သူအား သွားခေါ်မည့်အကြောင်းအား ချောင်ယွီအား ကြိုတင်၍ ပြောပြထားလေသည်။
ထို့ကြောင့် ချောင်ယွီ၏ ခရီးစဉ်သည်လည်း ပို၍စောလေသည်။ အလုပ်အား အကြောင်းပြထားသောကြောင်း မော့ယွီစန်းထက် သုံးရက်စောနေလေသည်။
"စကားမစပ် ယွီစန်း... မကြာခင်က ရှဟယ်ပြည်နယ်ကနေ အန်းမိသားစုက လုပ်ထားတဲ့ ဆော့စ်တွေကို ထုတ်လိုက်တယ်လို့ကြားတယ်။ အရမ်းအရသာရှိတဲ့ ဆော့စ်တွေတဲ့..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်