105 01
အပိုင်း (၁၀၅)
"တင်..."
ဓာတ်လှေကားတံခါး ပွင့်သွားသောအခါ ချန်ရွှယ်မင်သည် စိုးရိမ်နေသော မျက်နှာထားဖြင့် ရုံးခန်းထဲသို့ လျှောက်သွားလေသည်။
လမ်းတစ်လျှောက်တွင်လည်း သူမ၏ တည်ကြည်လေးနက်မှုနှင့် လျစ်လျူရှုမှုကြောင့် အများက ခံစားလိုက်မိသည်က သူမသည် စိတ်ခံစားချက် မကောင်းလေဘဲ ရန်မစရန် ဟူ၍ ဖြစ်လေသည်။
သူမ၏ ရုံးခန်းထဲသို့လျှောက်သွားကာ သူမသည် အပြစ်ရှိနေသူတစ်ယောက်ကဲ့သို့ပင် လိုက်ကာများကိုလည်း ဖြေချထားလိုက်လေသည်။ သူမသည် သိချင်စိတ် ပြင်းပြစွာဖြင့် ကွန်ပျူတာကို ဖွင့်လိုက်ကာ ထိုမိန်းကလေးများ ပြောနေသော အစီအစဉ်ကို ရှာဖွေလိုက်လေသည်။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ချန်ရွှယ်မင်သည် မိသားစုနောက်ခံကြောင့် ပြည့်ပြည့်စုံစုံ နေထိုင်လာခဲ့ရပြီး အနုပညာ ဖျော်ဖြေရေးများအကြောင်းကိုလည်း စိတ်မဝင်စားပေ။
သူမ၏ဘဝသည် အလုပ်သာရှိနေပြီး ပျင်းရိဖွယ် ကောင်းလှလေသည်။
ထို့ကြောင့် သူမသည် 'ပန်းပွင့်လေးတစ်ပွင့်မွေးဖွားခြင်း' ၏ အမျိုးအစားကို သိလိုက်သောအခါ ဆက်လက်ကြည့်ရှုရန် လုံးဝပင် စိတ်မဝင်စားတော့ချေ။
စိတ်ဝင်စားမှု ကင်းမဲ့နေသော ချန်ရွှယ်မင်သည် အပိုင်း ၂ သို့ ကျော်ကြည့်လိုက်သောအခါ နောက်ဆုံးတွင်မူ ထိုမိန်းကလေးများ ပြောနေသော ပြိုင်ပွဲဝင် နံပါတ် ၆၆ အန်းကို မြင်လိုက်ရသောအခါ သူမ၏ တစ်ကိုယ်လုံးသည် အေးစက်သွားတော့သည်။
အန်းဟူသော ပြိုင်ပွဲဝင်၏ ရုပ်ရည်သည် သူမ၏ သူငယ်ချင်းနှင့် များစွာ ကွာခြားနေလေသည်။
ထိုသူနှစ်ဦး၏ ဓာတ်ပုံများကို အတူတကွ ချထားလျှင်တောင် တူညီမှု မရှိပေ။
သို့သော် အနီးကပ် ကြည့်ရှုလိုက်မည်ဆိုလျှင်တော့ ထိုသူနှစ်ဦး၏ မျက်နှာ အစိတ်အပိုင်းများမှာ အတူတူပင် ဖြစ်လေသည်။
ရုပ်ဆင်းသွင်ပြင်နှင့် ပင်ကိုယ်စရိုက်မှာ များစွာ ကွာခြားမှု ရှိနေသောကြောင့် သူမသည် မရေမရာ ဖြစ်နေလေသည်။ အင်တာနက်ပေါ်မှ အချက်အလက်များနှင့် သူမ၏ နာမည်ကို မြင်လိုက်ရသောအခါမှ လူကြိုက်များလျက်ရှိနေသော ပြိုင်ပွဲဝင် နံပါတ် ၆၆ အန်းသည် သူမ၏ သူငယ်ချင်း ဖြစ်ကြောင်း သိလိုက်ရတော့သည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်