Part 5

8.9K 716 1
                                    

Unicode

အခန်း ၅

မော့ယွီစန်း မျက်ခုံးပင့်လိုက်သည်။ သူသည် အန်းရှအား သံသယနှင့်ကြည့်လိုက်သည်။ အန်းရှသည် ကလေးထိန်းသိမ်းမှုနှင့် သူ့အား ယှဉ်ပြိုင်ကာ ကလေးနှင့် ခြိမ်းခြောက်ချင်သလား။

သူ၏မျက်လုံးများ ပို၍အေးစက်လာခဲ့သည်။

“ကျားရှုရဲ့ ထိန်းသိမ်းခွင့်။ မင်း အဲ့အကြောင်း တွေးတောင်မတွေးနဲ့။ သူကငါ့ရဲ့.... သားပဲ”

သို့သော် မော့ယွီစန်းမှာ ဤတစ်ကြိမ်တွင် အတွေးလွန်သွားခဲ့ပုံရသည်။

“ဟုတ်တယ် ဟုတ်တယ်။ သူက ရှင့်သားပါ။ ကျွန်မ မလုပ်ပါဘူး။ မလုပ်ပါဘူး...” အန်းရှ ချက်ချင်းပြန်ပြောခဲ့သည်။

ရယ်စရာပင်။ သူမသည် အရံဇာတ်ကောင်အဖြစ် ကူးပြောင်းခံလာရသည်။

သားလေးမှာ မူလပိုင်ရှင်မှ မွေးပေးခဲ့လျှင်ပင်ဖြစ်သည်။ သူသည် အမျိုးသမီးဇာတ်ဆောင်ဘက်အခြမ်းတွင် ရပ်တည်ခဲ့သည်။

သူမသည် သူမသားအား မူလပိုင်ရှင်ဆီမှ လုယူချင်ပါက ဤသည်မှာ ပြဿနာဖြစ်လိမ့်မည်မဟုတ်လား။

ဤကဲ့သို့ အပေါစားသားကို သူမလိုချင်ခဲ့ပါ။

ထို့ပြင် သူမသည် အသက်၁၈နှစ်သာ ရှိသေးသည်.. .သူမမည်ကဲ့သို့ ကလေးမွေးနိုင်မည်နည်း...

အား။ တွေ့ကြည့်လျှင်ပင် ခေါင်းခဲရသည်။

အသက်၁၈နှစ်အရွယ်တွင် ဖျားနာသောအမျိုးသမီးငယ် အန်းရှသည် သူမ၏အတွေးများကို သူမမျက်နှာပေါ် ဖော်ပြခဲ့သည်။

သူမမျက်နှာတွင် ခုခံမှုနှင့် နာကျည်းမှုရှိနေခဲ့သည်။ တစ်ခဏတာ မော့ယွီစန်းမှာ ဘာပြောရမှန်းမသိခဲ့ပေ။

သူ၏အရင်ဇနီးမှာ သူတို့သားအား စွန့်ပစ်မည်လား။

ဤအမျိုးသမီးမှာ အပြင်ဘက်တွင် တခြားတစ်ယောက်ရှိနေသလား။ သို့သော် ဤအမျိုးသမီးသည် သူ့အားချစ်သည်ဟု ‌မပြောခဲ့ဘူးလား။ ၎င်းမှာမဖြစ်သင့်ပေ....

“မို မော့ယွီစန်း” ထိုလူ၏ထူးခြားသောစိုက်ကြည့်မှုကို ကြည့်နေကာ အန်းရှသည် တံတွေးမျိုချကာ ထိုလူ၏အမည်အား တီးတိုးပြောလိုက်သည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Onde histórias criam vida. Descubra agora