Part 99

2.6K 183 0
                                    

အပိုင်း (၉၉)

နာရီပေါင်း ၂၄ နာရီသည် အလျင်အမြန် ကုန်ဆုံးသွားပြီးနောက် 'ပန်းပွင့်လေးတစ်ပွင့် မွေးဖွားခြင်း' အစီအစဉ်၏ ပထမဦးဆုံး ယှဉ်ပြိုင်ပွဲသည် တရားဝင် စတင်တော့မည် ဖြစ်လေသည်။

အစီအစဉ်အဖွဲ့မှ ဖိတ်ခေါ်ထားသော အနုပညာရှင် ဒိုင်လူကြီးများသည်လည်း ရိုက်ကူးရေးတွင် ပါဝင်လာကြတော့မည် ​ဖြစ်လေသည်။

ယခုတစ်ကြိမ်တွင် 'ပန်းပွင့်လေးတစ်ပွင့် မွေးဖွားခြင်း' မှ ဖိတ်ခေါ်ထားသော ဒိုင်လူကြီးများသည် အင်အားကြီးမားကြလေသည်။

လက်ရှိတွင် နယမည်အကျော်ကြားဆုံး ကျောင်းတစ်ခုဖြစ်သည့် 'Idol ကျောင်း' မှ ဟော်စစ် ဆိုလျှင်လည်း ထွေထွေထူးထူး ရှင်းပြနေစရာပင် မလိုအပ်တော့ချေ။ အခြားသော ဒိုင်လူကြီးသုံးဦးသည်လည်း နာမည်ကျော်ကြားလှလေသည်။

ထိုသူတို့၏ ကျော်ကြားမှုများသည် ဟော်စစ်ထက် မသာလွန်သော်လည်း ထိုသူများမှာ စီနီယာများ ဖြစ်ကြလေသည်။

တစ်ချိန်တစ်ခုက ဘုရင်မဟု နာမည်ကျော်ကြားခဲ့သော ဝမ်လန်သည် နိုင်ငံတကာမှ ချီးမြှင့်သော ဘုရင်မ ဆုကို တရုတ်ပြည်တွင် ပထမဦးဆုံး ရရှိဖူးသူ ဖြစ်လေသည်။

သူမ ပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်ကားတိုင်းသည် မအောင်မြင်ဖူးဆိုတာပင် မရှိခဲ့ပေ။ သူမသည် ယခုအချိန်တွင် အသက် ၄၀ ပင် ပြည့်တော့မည် ဖြစ်လေသည်။ သို့သော် သူမ၏ အသက်အရွယ်သည် သူမ၏ သရုပ်ဆောင်စွမ်းရည်အပေါ် ထိခိုက်မှု မရှိပေ။ သူမ၏ သာလွန်ကောင်းမွန်သော သရုပ်ဆောင်စွမ်းရည်ကြောင့် သူမသည် အဓိက ဇာတ်ဆောင်နေရာမှပင် ပါဝင်သရုပ်ဆောင်ခွင့် ရရှိနေလေသည်။

သွမ်ချင်သည်လည်း သရုပ်ဆောင်လောကတွင် ဘုရင်တစ်ပါးကဲ့သို့ပင် ဖြစ်လေသည်။ သို့သော် ထိုအချိန်ကာလများသည် ကုန်ဆုံးသွားပြီဖြစ်ကာ သူသည် မကြာခင်တွင် အနုပညာလောကမှ အနားယူတော့မည် ဖြစ်လေသည်။

သို့သော် သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားသော လက်ရာမြောက်လှသည့် အနုပညာများစွာ ရှိနေပြီဖြစ်လေသည်။ သူသည် ​ဖျော်​ဖြေရေးလောကတွင် ဆရာတစ်ဆူဖြစ်ကာ သူ၏ ပရိသတ်များစွာသည်လည်း နိုင်ငံတစ်ဝှမ်းတွင် ရှိနေကြလေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now