အပိုင်း (၁၄၅)
"ကျွန်တော် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ။ ကျွန်တော့်နာမည်က ဟော်စစ်ပါ။ သူကတော့ ကျွန်တော့်ရဲ့ကောင်မလေး အန်းရှပါ..."
စိမ်းလဲ့နေသော အရိပ်အာဝါသအောက်တွင် ပုစဉ်းရင်ကွဲများနှင့် ငှက်များသည် တေးသီချင်းများ သီဆိုနေကြလေသည်။ နေရောင်သည် ထိုအရပ်အား ဖြတ်သန်း၍ တောက်ပနေကာ အန်းရှနှင့် ဟော်စစ်၏အပေါ်သို့ဖြာကျနေလေသည်။ ထိုအရာကြောင့် သူတို့နှစ်ဦးအား လှပနေစေကာ ဆီဆေးဖြင့် ရေးဆွဲထားသော ပန်းချီကားတစ်ချပ်ကဲ့သို့ပင် ဖြစ်နေတော့သည်။
ချောင်ယွီသည် သူတို့နှစ်ဦးသားမှာလက်ကိုင်ထားပုံအား မြင်ရကာ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် သူတို့နှစ်ဦးသည် အလွန်ပင် လိုက်ဖက်နေတော့သည်။
သူသည် နှုတ်ခမ်းများအား လှုပ်လိုက်သော်လည်း မည်သည့်စကားမျှ မပြောလိုက်ချေ။
သူသည် ကြီးမားစွာမျှော်လင့်ထားသော ကိစ္စကြီးမှာ ကျဆုံးသွားသကဲ့သို့ ဖြစ်နေကာ သူ၏ အသွင်အပြင်သည်လည်း သုန်မှုန်နေတော့လေသည်။
အန်းမိသားစု သုံးဦးသည် အနည်းငယ်စိတ်ပူသွားတော့လေသည်။
"ရှောင်ချောင် မင်းကိုကြည့်ရတာ ပင်ပန်းနေပုံပဲ။ နည်းနည်းလောက် နားချင်လား..."
အမျိုးသမီးအန်းသည် ဤကိစ္စမှာ မော့ယွီစန်းနှင့်သာ မသက်ဆိုင်ဘူးဆိုလျှင် သူမ၏သမီးလေးမှာ ဟော်စစ်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ချောင်ယွီနှင့်ပို၍ လိုက်ဖက်သည်ဟု ခံစားမိလေသည်။
ချောင်ယွီသည် အန်းရှထက်ပင် အသက်ငယ်သေးလေသည်။
ချောင်ယွီသည် အသက်ပြင်းပြင်းရှူလိုက်ကာ အန်းရှအား တောက်ပစူးရှနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။ သူသည် တစ်ခုခုပြောဆိုရန် ပြင်ဆင်နေချိန်တွင် သူ၏ဖုန်းမှာ အသံမြည်လာခဲ့လေသည်။
သူသည် ဖုန်းပေါ်မှ ဖုန်းခေါ်ဆိုသူအား မြင်လိုက်ရသောအခါ သူ၏ မျက်နှာအနေအထားသည် ပြောင်းလဲသွားတော့လေသည်။
VOUS LISEZ
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Roman d'amourဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်