အပိုင်း (၁၂၄)
"အစ်မ... အခု အဲဒီအိမ်မှာ နေနိုင်သေးတယ်ပေါ့။ ကျွန်မတို့မိသားစုက အခုဆို အရမ်းကို ကောင်းမွန်နေပြီကို ဘာဖြစ်လို့ အခြားသူအိမ်မှာ သွားနေပြီး ဒုက္ခခံနေရတာလဲ..."
အန်းရှမထင်မှတ်ထားသည်မှာ သူမသည် ကွာရှင်းရန် ပြောဆိုလိုက်မှုကို ကန့်ကွက်သူမှာ သူမ၏ အစ်မပင် မဟုတ်ခြင်းပင်။
သားသမီးများကို အလွန်ချစ်သော အမျိုးသမီးအန်းသည်လည်း အန်းရှ၏ အကြံပေးမှုအား သဘောမတူပေ။
"ကလေးမ မင်းဘာတွေလျှောက်ပြောနေတာလဲ။ မင်းရဲ့အစ်မက မင်းရဲခဲအို မရှိဘဲနဲ့ မနေနိုင်ဘူးမလား။ မိသားစုတိုင်းမှာ အခက်အခဲတွေရှိနိုင်ပြီးတော့ တဖြည်းဖြည်းနဲ့ ဆက်သွားနေကြတာပဲလေ။
အန်းရှသည် အလွန်ပင် အံ့သြသွားရလေသည်။
သူမသည် မျက်ဝန်းများပင် ပြူးကျယ်သွားရကာ သဘောမတူသော အမေအား ကြည့်လိုက်ကာ အံ့သြစွာဖြင့် ပြောလိုက်လေသည်။ "ကျွန်မရဲ့အစ်မက အဲဒီအိမ်မှာ အစေခံတစ်ယောက်လိုတောင် ဖြစ်နေပြီးတော့ ခဲအိုက အိမ်ကို တစ်ပတ်ကြာမှ တစ်ခါတောင် ပြန်မလာဘူးမလား။ အဲဒါနဲ့တောင် သူက ခင််ပွန်းတဲ့လား။ အခုက မုဆိုးမတစ်ယောက်နဲ့တောင် ဘာကွာသေးလို့လဲ..."
အန်းရှမသိသည်မှာ အကြီးများ၏ ခံယူချက်သည် သူတို့မှာ အိမ်ထောင်ရေးပြိုကွဲရခြင်းထက် ဘုရားကျောင်းဆယ်ကျောင်းကို ဖြိုဖျက်ရခြင်းအား ပို၍ပင် ပြုလုပ်နိုင်မည် ဖြသ်လေသည်။
ထို့အပြင် အရေးအကြီးဆုံးမှာ အကြီးများ၏စိတ်ထဲတွင် မိန်းမတစ်ယောက်သည်ယောက်ျားအား ကလေးမမွေးပေးနိုင်ခြင်းမှာ အပြစ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေလေသည်။
ထို့အပြင် ခင်ပွန်း၏ မိသားစုသည် ဇနီးဖြစ်သူအား မနှစ်သက်ခြင်းမျိုး မဟုတ်ဘူးဆိုလျှင် သူတို့သည် ကွာရှင်းခွင့် မရနိုင်ချေ။
"နင်ဘာသိလို့လဲ။ နင့်ခဲအိုက နင့်အစ်မကို လက်နဲ့တောင် ရွယ်ဖူးတာမဟုတ်သလို နင့်အစ်မအပေါ်မှာ ဘာမကောင်းတာမှ မလုပ်ခဲ့ဖူးဘူး။ ဒါပေမဲ့ နင့်အစ်မက ကလေးမမွေးပေးနိုင်ဘူးလေ..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်