Part 110

1.7K 121 0
                                    



အပိုင်း (၁၁၀)

ယခင်ဘဝတုန်းကမူ မိမိ၏ ခံစားချက်များကို မဖော်ထုတ်ပြဖူးလေသော အန်းရှသည် ယခုအခါတွင်မူ လွတ်လပ်စွာ ဖော်ထုတ်နေလေသည်။

သူမသည် ရယ်မောခြင်း၊ အော်ဟစ်ခြင်း၊ ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ပျော်ရွှင်ခြင်း စသော ခံစားချက်ပေါင်းစုံကို ဖော်ထုတ်လိုက်တော့သည်။

ထိုအရာက သူမအား ဤလောကကြီးထဲတွင် အမှန်တကယ် သက်ဝင်လှုပ်ရှားနေသကဲ့သို့ ခံစားရစေလေသည်။ သူမ၏ ရင်ဘတ်ထဲတွင် ကျန်းမာသော နှလုံးသားတစ်စုံမှာ ခုန်နေသည်ဟု ခံစားနေရလေသည်။

အန်းရှသည် သူမကိုယ်တိုင်ပင် သတိမထားမိလိုက်လေဘဲ ဟော်စစ်နှင့် လက်တွဲထားရခြင်းမှာ ပို၍ပင် သက်တောင့်သက်သာ ရှိလာ၍ လက်ပင် မလွှတ်ချင်တော့ပေ။

သူတို့နှစ်ဦးသည် တစ်ဦးကို တစ်ဦး ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြလေသည်။

သူတို့သည် ရေခဲမုန့်ကို အတူစားနေချိန်တွင်တောင် လက်မလွှတ်ကြချေ။

"ရှက်စရာကြီး..."

အန်းရှသည် ထိုကဲ့သို့သော ကစားနေသော ကလေးများ၏ ကလေးဆန်သော စကားလုံးကို ကြားလိုက်ရသောအခါ သူမ၏ ပါးပြင်များသည် နီရဲသွားတော့သည်။

ထိုအချိန်တွင် သူမသည် အမှန်တကယ်ပင် ချစ်သူထားနေရသကဲ့သို့ ထံစားနေရလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ သရုပ်ဆောင်မှုမှာ သဘာဝဆန်နေသောကြောင့်ပင်။

သူမသည် ဟော်စစ်သည် သူမအား တစ်ချိန်လုံး စိုက်ကြည့်​နေသလားဟု သိချင်သောကြောင့် လျှို့ဝှက်စွာ ခိုးကြည့်လိုက်လေသည်။

သူမသည် ထိုကဲ့သို့ ခိုးကြည့်လိုက်သောအခါ ဟော်စစ်သည် သူမအား နေမင်းကြီးကဲ့သို့ တောက်ပသော အပြုံးများဖြင့် ကြည့်လိုက်လေသည်။

ထိုကဲ့သို့ အကြည့်ခံလိုက်ရသောအခါ အန်းရှ၏ နှလုံးသားသည် လျင်မြန်စွာ တုန်ခါသွားတော့သည်။

ဟော်စစ်၏ သရုပ်ဆောင်စွမ်းရည်သည် အလွန်ပင် ကောင်းမွန်လှလေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now