အပိုင်း (၄၇)
သူ၏ ဂရုမထားဟန်အပြုအမူကို မြင်လိုက်ရသောအခါ ချန်မင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်၍ စိတ်ရှည်စွာဖြင့် မေးလိုက်လေသည်။ "ငါက မင်း အချိုပွဲတွေကို မကြိုက်ဘူးလို့ ထင်နေတာ။ မနေ့ကလေးတင် ထုတ်လွှင့်လိုက်တဲ့ 'ဘဝရဲ့ အနားယူအပန်းဖြေချိန်' အစီအစဉ်မှာ ကျောင်းမီနီက မင်းအတွက်လုပ်ပေးတဲ့ ကိတ်မုန့်ကို ငြင်းလိုက်တယ်မဟုတ်လား..."
မှန်သည်။ ထိုအရာသည် အဓိကအချက် ဖြစ်လေသည်။
အစားအသောက် စားပြသူတစ်ဦး၏ ဗီဒီယိုကို ပြန်လည်မျှဝေခြင်းသည် မကောင်းသောကိစ္စ မဟုတ်ပေ။
သို့သော် ထိုမျှဝေလိုက်သောကိစ္စသည် ကိတ်မုန့်ဖြစ်နေခြင်းမှာတော့ ကောင်းသည့်ကိစ္စမဟုတ်တော့ပေ။
ထိုအရာသည် စော်ကားလိုက်သော အပြုအမူပင် ဖြစ်လေသည်။
ထိုအစီအစဉ်ထဲတွင် သံမဏိလူသားသည် ကျောင်းမီနီကို ငြင်းပယ်လိုက်၍ သူသည် ကိတ်မုန့်၊ ချောကလက်၊ ဘီစကစ်မုန့်များကို မကြိုက်ကြောင်းပါ ပြောဆိုလိုက်လေသည်။
ထို့ကြောင့် လူတိုင်းသည် ဟော်စစ်က အချိုပွဲများကို မနှစ်သက်သူဟူ၍သာ ထင်သွားကြလေသည်။
ဘာတွေများ ဖြစ်ကုန်တာလဲ။
ချန်မင်သည် အလွန်အမင်း စိတ်တိုသွားသောကြောင့် တစ်စုံတစ်ယောက်ကိုသာ ရိုက်ပစ်လိုက်ချင်တော့သည်။
"သြော်... ငါက သူမ လုပ်ထားတဲ့ ကိတ်မုန့်ကို မကြိုက်တာပါ..."။ ဟော်စစ်သည် သူ၏ နှုတ်ခမ်းများ စုလိုက်ရင်း မသတီစွာဖြင့် ပြန်ပြောလိုက်လေသည်။
ထိုသို့ တဲ့တိုးပြောလိုက်သော စကားလုံးများကြောင့် ချန်မင်သည် ဆွံ့အသွားလေတော့သည်။
ထိုအဖြေသည် အဆင်ပြေလှသည်။ သေချာသည်က ထိုကဲ့သို့ တည့်တည့်ပြောလိုက်သောကြောင့် အဓိက အကြောင်းအရာသည် လမ်းလွဲသွားခြင်း မရှိတော့ပေ။
"ဟော်စစ်... နောက်တစ်ခါဆိုရင် ငါ့ကို အရင်မေးပါလား။ မင်း အခုလို ဆက်လုပ်နေမယ်ဆိုရင် ငါတို့ အလုပ်တာဝန်တွေ အရမ်း များသွားလိမ့်မယ်ကွ..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်