အပိုင်း (၆၄)
နေ့လယ်ပိုင်းတွင်တော့ ကျန်ရှိနေသော ဧည့်သည်လေးဦးသည် ကံမကောင်း အကြောင်းမလှကြတော့ချေ။
သူတို့သည် ဟင်းသီးဟင်းရွက်များကို ခူးဆွတ်ကြပြီးနောက် ဤနေရာနှင့် မဝေးလှသော ရှုခင်းလှပသော တစ်နေရာတွင် ရောင်းချရန် ထွက်သွားကြလေသည်။
သို့သော် ထိုနေရာသည် လူသိများကျော်ကြားသော နေရာမဟုတ်သည့်အတွက် ခရီးသွားဧည့်သည်များ သိပ်မရှိကြသလို ထိုနေရာသို့ ဖြတ်သန်းသွားလာကြသော လူများမှာလည်း အနီးအနားမှ ရွာသားများသာ ဖြစ်ကြလေသည်။
လူတိုင်းသည် သူတို့၏ ကိုယ်ပိုင် ဥယျာဉ်ခြံထဲတွင်သာ စိုက်ပျိုးကြသည်ဖြစ်၍ မည်သူမျှ ဝယ်ခြမ်းကြမည် မဟုတ်ပေ။
သူတို့လေးဦးသည် နာမည်ကြီး အနုပညာရှင်များ ဖြစ်ကြသောကြောင့် အသီးအရွက်များနှင့် ငွေကြေး လဲလှယ်ရခြင်းကိစ္စသည် အပန်းမကြီးလှပေ။ သို့သော် ဘုရားသခင်မှာ သူတို့အပေါ်တွင် မျက်နှာသာပေးပုံမပေါ်ပေ။
သူတို့တွေ့နေရသော သူများသည် တီဗွီပင် မကြည့်ကြသော တောသူတောင်သားများ ဖြစ်နေကြသည်။
ထို့ကြောင့် သူတို့သည် တစ်မနက်လုံးတွင် ဘာကိုမျှ မရောင်းထွက်နိုင်သေးချေ။
ထို့ကြောင့် သူတို့သည် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ဥယျာဉ်ထဲသို့ ပြန်လည်သယ်ဆောင်လာရသည့်အတွက် ညစ်ပတ်ခြင်းသာ အဖက်တင်တော့သည်။
အစီအစဉ်အဖွဲ့သားများသည် ထိုကဲ့သို့ ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းပြီးသား ဖြစ်လေသည်။
သူတို့သည် တစ်ဖက်တွင် ဤနောက်ဆုံးပိုင်းမှာ အပန်းဖြေခရီးစဉ်ဖြစ်သည်ဟု ပြောပြထား၍ ကျန်တစ်ဖက်တွင်လည်း အနုပညာရှင်များသည် သူတို့၏ ကျော်ကြားမှုများကို အသုံးမချနိုင်အောင် ကြံစည်ထားလေသည်။ သူတို့သည် ယခင်အပိုင်းများကဲ့သို့ လွယ်လွယ်နှင့် ပိုက်ဆံရှာဖွေရန် မဖြစ်နိုင်တော့ချေ။
ထို့ကြောင့် သူတို့အတွက် ငွေကြေးများစွာ အကုန်အကျခံ၍ စားဖိုမှူး ငှားရမ်းပေးထားခြင်း ဖြစ်လေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်