အပိုင်း (၉၃)
"ဟော်စစ်... ကျေးဇူးတင်ပါတယ်။ ကျွန်မပြောခဲ့တဲ့ စကားတွေကို သတိတရနဲ့ရှိနေပေးလို့ ကျေးဇူးတင်ပါတယ်..."
အန်းရှသည် အမှန်တကယ်ကို စိတ်လှုပ်ရှားသွားခဲ့လေသည်။ ထိုနာမည်ကြီးမင်းသားသည် သူမပြောသော စကားများကို နားထောင်ပေးခဲ့လေသည်။
သူသည် သူမအား ထိုမဖြစ်နိုင်သော စိတ်ကူးများကို သိရှိနားလည်နိုင်စေရန် ကူညီပေးခဲ့လေသည်။
"အာ... အဲဒါက ဘာမှမဟုတ်ပါဘူး။ မင်းငါ့ကို ကူညီပေးခဲ့တာပဲလေ..."
ဟော်စစ်သည် သူ၏နှာခေါင်းကို လိပ်ပြာမလုံစွာဖြင့် တို့ထိလိုက်လေသည်။ သူသည် အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိထားသူတစ်ယောက် ဖြစ်သည့်အတွက် သူ၏ လက်ဖျားခါလောက်သော သရုပ်ဆောင်စွမ်းရည်များကြောင့် အန်းရှအနေဖြင့် သတိပြုမိခြင်းမရှိချေ။
အန်းရှသည် သူမကိုယ်သူမ လက်ညှိုးညွှန်ပြလိုက်ရင်း မယုံကြည်စွာဖြင့် ထပ်မေးလိုက်လေသည်။ "ကျွန်မကလား.... ကျွန်မက ဒီရှိုးမှာပါလိုက်ရလို့ အကူအညီပေးသလို ဖြစ်သွားတယ်တဲ့လား..."
"ဟုတ်တယ်။ ပြိုင်ပွဲဝင်တစ်ယောက်က အစီအစဉ်ကနေ နှုတ်ထွက်သွားတယ်လေ။ အဲဒီတော့ ငါ့ကို ကူညီပေးလိုက်သလိုပဲလေ...."
ဟော်စစ်သည် သူ၏တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်လိုက်လေသည်။
တစ်ဖက်မှ မန်နေဂျာသည်တော့ စိတ်ညစ်နေရလေသည်။
များပြားလှစွာသော အမုန်းတရားများကို ခံယူပြီးနောက် ပါးစပ်ဖျားမှ အစားအသောက်ကို အလုယူခံလိုက်ရသကဲ့သို့ သူသည် 'ပန်းပွင့်လေးတစ်ပွင့် မွေးဖွားခြင်း' အစီအစဉ်၏ နောက်ဆုံးနေရာကို လုယူသွားပြန်လေသည်။ ထို့နောက် အစီအစဉ်အဖွဲ့အား များစွာသော တောင်းဆိုမှုများကို ပြုလုပ်ခဲ့လေသည်။
အစီအစဉ်အဖွဲ့သည် စိတ်သဘောထား ကောင်းမွန်ကြသောကြောင့် ချန်မင်သည် သူ့အနေဖြင့် အပြောအဆိုမခံလိုက်ရဟု ခံစားမိလိုက်လေသည်။
အဘယ်ကြောင့်များ ထိုပါဝင်ယှဉ်ပြိုင်သူ၏ ပါဝင်မှုများကို တက်နိုင်သရွေ့ တည်းဖြန်၍ ဖြတ်ထုတ်ခိုင်းရသနည်း။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်