အပိုင်း (၅၈)
"ငါသိသလောက်တော့ မင်းရဲ့ကဒ်ထဲမှာ ပိုက်ဆံမရှိပါဘူး။ ပြီးတော့ မင်း နောက်လကျရင် ပိုက်ဆံအများကြီး ပေးစရာ ရှိနေသေးတယ် မဟုတ်လား..."
"အဲဒါက အပိုင်းတစ်ပိုင်းပဲ ကျန်တော့တာပါ ငါတောင်းဆိုပါတယ်ကွာ။ ကျောင်းချန်ပြောတာကတော့ ဒီအပိုင်းက အပန်းဖြေခရီးစဉ် သက်သက်ဖြစ်ပြီးတော့ အစီအစဉ် အဖွဲ့သားတွေကလည်း မင်းအတွက် အရမ်းအရသာရှိတဲ့ ဟင်းလျာတွေကို ချက်ပြုတ်ပေးဖို့ စားဖိုမှူးတစ်ယောက်ကို စီစဉ်ပေးထားတယ်လို့ ပြောတယ်ကွ..."
"ဒါပဲနော်..."
မည်သို့ပင်ဆိုဆို ကျောင်းမီနီ ချက်ပြုတ်ထားသော အစားအသောက်များကို စားနေစရာ မလိုတော့သရွေ့ အဆင်ပြေလေသည်။
'ဘဝရဲ့ အနားယူအပန်းဖြေချိန်' အဖွဲ့သားများ လာရောက်ကြမည် ဖြစ်သောကြောင့် အန်းမိသားစုသည် အိပ်ရာ စောစောထကြလေသည်။
ပြင်ဆင်မှုများအားလုံးကို ပြုလုပ်ပြီးသွားသော်လည်း နာမည်ကြီးများကို မတွေ့မမြင်ဖူးသော အန်းလင်မယားသည် အနည်းငယ် စိတ်လှုပ်ရှားနေကြသေးသည်။
အန်းရှသည် စိတ်အားထက်သန်နေသော်လည်း အလွန်အမင်း စိတ်လှုပ်ရှားခြင်းတော့ မရှိပေ။ သူမသည် အနုပညာရှင်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရခြင်းသည် အလွန် စိတ်ဝင်စားဖွယ်ကောင်းမည်ဟု တွေးနေမိလေသည်။
သူမသည် ကလေးငယ်လေးကဲ့သို့ တွေးတောနေမိသည်။ ထိုအနုပညာရှင်များသည် တီဗွီထဲကကဲ့သို့ ပုံံမျိုးလေလား။ သူတို့သည် ပေါင်းသင်းဆက်ဆံရန် ခက်ခဲလောက်မည်လား။
စိတ်အားထက်သန်စွာ စောင့်မျှော်နေပြီးနောက်တွင် အစီအစဉ်အဖွဲ့သားများ၏ ကားများသည် ဥယျာဉ်ကြီးထဲသို့ မောင်းနှင် ဝင်ရောက်လာကြလေသည်။
ကားများစွာ ဖြစ်လေသောကြောင့် ရိုက်ကူးရေးအဖွဲ့သားများသည် ပစ္စည်းများ တင်ဆောင်လာသော အလုံပိတ်ဗန်ကားကိုသာ ဥယျာဉ်ကြီးထဲသို့ တိုက်ရိုက် မောင်းနှင်သွားစေသည်။
အနုပညာရှင်များကို သယ်ဆောင်လာသော ကားသည် ဝင်လာပြီးနောက် ဥယျာဉ်၏ အပေါက်ဝတွင် ရပ်လိုက်လေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်